လေးဂို့စ်မြို့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ကျန်းမာရေး

လေးဂို့စ်မြို့ ယာဉ်ကြောပိတ်ဆို့မှုနဲ့ ကျန်းမာရေး

နိုင်ဂျီးရီးယားနိုင်ငံက လေးဂို့စ် မြို့တော်ဟာ ကမ္ဘာပေါ်မှာ ဖွံ့ဖြိုးမှု အရှိန်အဟုန် အကောင်းဆုံး မြို့ကြီးတွေထဲက တမြို့ ဖြစ်ပါတယ်။ မြို့နေ လူဦးရေဟာလည်း သန်း ၂၀ ကျော်နေပြီ ဖြစ်ပြီး ထပ်တိုးလာနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် တခြား အာဖရိက မြို့ကြီးတွေ နည်းတူပဲ လေးဂို့စ်ဟာလည်း သူ့ဖွံ့ဖြိုးမှု အရှိန် သူ မထိန်းနိုင် ဖြစ်နေပါတယ်။ ယာဉ်ကြောပိတ်ဆို့မှုတွေ ဆိုလည်း မိနစ် ၅၀ ခရီးကို ၃ နာရီ လာရတဲ့ အထိ ဖြစ်နေပါတယ်။ ဒါကြောင့် မြို့နေ လုပ်သားတွေရဲ့ စွမ်းဆောင်ရည်နဲ့ စိတ်ကျန်းမာရေးတွေမှာပါ ထိခိုက်မှုတွေ ရှိလာနေတယ်လို့ ဆိုပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။