မန္တလေးနဲ့ စစ်ကိုင်းက ဆေးရုံတွေကို စစ်တပ်တိုက်ခိုက်

ဗီဒီယို ပုံစာ, မန္တလေးနဲ့ စစ်ကိုင်းအတွင်းက ဆေးရုံတွေကို စစ်တပ်တိုက်ခိုက်ဖျက်ဆီးနေ
မန္တလေးနဲ့ စစ်ကိုင်းက ဆေးရုံတွေကို စစ်တပ်တိုက်ခိုက်

မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းထဲက ဒေသခံတွေအားထားရတဲ့ ဆေးရုံ၊ ဆေးခန်းတွေကို ဒီရက်ပိုင်း စစ်တပ်ဘက်က လေကြောင်းနဲ့ရော မြေပြင်ကနေပါ တိုက်ခိုက်ဖျက်ဆီးတာတွေ ဆက်တိုက် လုပ်လာနေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။ ဒါကြောင့် တိုက်ပွဲတွေကြောင့် အရင်ကတည်းက ဆေးကုသဖို့အခက်အခဲရှိနေတဲ့ ဒေသခံတွေဟာ အခု ဆေးကုသရေး ပိုခက်ခဲနေကြပြီလို့ဆိုပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေ ဖျက်ဆီးခံရမှုကြောင့် မြို့ပေါ်တက်ဆေးကုသခွင့်မရတဲ့ ဒေသခံတွေအတွက်ရော ကာကွယ်ရေးတပ်ဖွဲ့တွေ အတွက်ပါ ဘယ်လောက်အထိ ဒုက္ခရောက်နေကြရပါသလဲ။ ဒီအကြောင်း မသီဒါနွယ်က စုစည်းပြောပြပေးမှာပါ။