ရုရှားက တတိယကမ္ဘာစစ် စခဲ့ပြီးဖြစ်ကြောင်း ယူကရိန်းသမ္မတပြော

ဗီဒီယို ပုံစာ, ရုရှားက တတိယကမ္ဘာစစ် စခဲ့ပြီးဖြစ်ကြောင်း ယူကရိန်းသမ္မတပြော
ရုရှားက တတိယကမ္ဘာစစ် စခဲ့ပြီးဖြစ်ကြောင်း ယူကရိန်းသမ္မတပြော

ယူကရိန်းထဲကို ရုရှားတပ်တွေ ကျူးကျော်ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဒီသီတင်းပတ်ထဲမှာ ၄ နှစ် ပြည့်ပြီ ဖြစ်ပါတယ်။ ဒါဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်းမှာ အသေအပျောက်အများဆုံး စစ်ပွဲကြီးလည်း ဖြစ်ပါတယ်။ ဒီစစ်ပွဲရဲ့ ၄ နှစ်ပြည့်တဲ့ ကာလမှာ ယူကရိန်း သမ္မတ ဇလန်းစကီးကို ဘီဘီစီက တွေ့ဆုံ မေးမြန်းနိုင်ခဲ့ပါတယ်။ မစ္စတာ ဇလန်းကီးက ရုရှားဟာ တတိယကမ္ဘာစစ်ကို စခဲ့ပြီး ဖြစ်တယ် ဒါပေမယ့် ယူကရိန်းက ထိန်းထားနိုင်ဆဲ ဖြစ်တယ်လို့ ပြောပါတယ်။ ဘီဘီစီရဲ့ နိုင်ငံတကာ ရေးရာ အယ်ဒီတာ ဂျယ်ရမီ ဘိုဝင်က ယူကရိန်း သမ္မတကို တွေ့ဆုံမေးမြန်းခဲ့တာကို ရှုစားရအောင်ပါ။ ကိုမိုးမြင့်က ပြောပြထားပါတယ်။