SME တွေအပေါင်မထားဘဲ ငွေချေးနိုင်ဖို့ ဗဟိုဘဏ် စီစဥ်
SME တွေအပေါင်မထားဘဲ ငွေချေးနိုင်ဖို့ ဗဟိုဘဏ် စီစဥ်
အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ဘဏ်မှာ အပေါင်ပစ္စည်းထားစရာ မလိုဘဲ ချေးငွေထုတ်ပေးနိုင်ဖို့ စစ်ကောင်မရှင်လက်အောက်ခံ ဗဟိုဘဏ်ကစီစဉ်နေပါတယ်။ အမျိုးသားငွေ ပေးချေမှုစနစ် MMQR နဲ့ Mobile Wallet တွေပေါ်က ငွေကြေးစီးဆင်းမှုအချက်အလက်ကို ကြည့်ပြီး ဘဏ်ဝန်ဆောင်မှုနဲ့ဝေးကွာနေတဲ့ MSMEs လုပ်ငန်းရှင်တွေကို တရားဝင် ဘဏ္ဍာရေးကဏ္ဍထဲ ရောက်လာ အောင် ကူညီပေးသွားမှာလို့လည်း ဆိုပါတယ်။ ဒီစနစ်က လုပ်ငန်းတွေအားလုံးအတွက် အဆင်ပြေလာနိုင် မှာလား။ လုပ်ငန်းတချို့အတွက်ပဲ ဖြစ်လာမလား၊ စီးပွားရေးကျွမ်းကျင်သူတွေနဲ့ အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေကရော ဘယ်လိုမြင်ပါသလဲ။ ဒီအကြောင်း ကိုမြင့်လွင်က ပြောပြပေးပါမယ်။



