ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောင်းမြ ကျွန်းဒိတ် ဘုရားဆင်းတုတော် ဟံသာဝတီ ခေတ်လက်ရာလို့ ယူဆရ
မြောင်းမြ ကျွန်းဒိတ် ဘုရားဆင်းတုတော် ဟံသာဝတီ ခေတ်လက်ရာလို့ ယူဆရ
ဖေဖော်ဝါရီလ ၁၅ ရက်နေ့တုန်းက ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ ကျွန်းဒိတ် ရွာမှာ ရှိတဲ့ လယ်ကွင်းထဲကနေ ရှေးဟောင်း ဘုရား ဆင်းတုတော် တစ်ဆူကို တွေ့ရှိခဲ့ရပါတယ်။ ဒီ ဆင်းတုတော်ဟာ ဟံသာဝတီ ခေတ် လက်ရာလို့ ယူဆရပါတယ်။ ဒီဘုရား ဆင်းတုတော် တွေ့ရှိတဲ့ နေရာက ရေကို လိမ်းရင် ၉၆ ပါး ရောဂါ ပျောက်တယ် ဆိုတယ်ဆိုတဲ့ လူမှုကွန်ရက်က တဆင့်စကား တဆင့်ကြား ပြောဆိုမှုတွေကြောင့် ဘုရားဆင်းတုတော်ကို လာရောက် ဖူးမြော်သူတွေနဲ့ စည်ကားနေပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ပညာရှင်တွေကတော့ လယ်ကွင်းထဲက မသန့်ရှင်းတဲ့ ရေကို သောက်တာ၊ လိမ်းတာ မျိုးတွေ မလုပ်သင့်ကြောင်း သတိပေးနေပါတယ်။ ကိုမောင်က ဆက်ပြီး ပြောပြပေးမှာပါ။