မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းသစ်ကြီး

မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းသစ်ကြီး

မန်ချက်စတာ ယူနိုက်တက်အသင်းက ယူကေမှာ အကြီးဆုံး ဘောလုံးကွင်းသစ်ကြီး ဆောက်မယ်လို့ ကြေညာလိုက်ပါတယ်။ လက်ရှိ ကစားနေတဲ့ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးရဲ့ နေရာမှာ အစားထိုးသွားဖို့ ဖြစ်ပါတယ်။ လက်ရှိကွင်းက ပရိတ်သတ် ၇၅,၀၀၀ ကျော် ဆန့်ပြီး အခုအသစ်ဆောက်မယ့် ကွင်းကြီးက ပရိတ်သတ် တစ်သိန်း ဆန့်မှာ ဖြစ်ပါတယ်။

ကွင်းသစ် တည်ဆောက်ရေး အတွက် ပေါင် ၂ ဘီလျံ သုံးမှာ ဖြစ်ပါတယ်။ တည်ဆောက်ချိန်ကိုတော့ ၅ နှစ် မှန်းထားပြီး ကွင်း အနီးဝန်းကျင်မှာလည်း တိုးတက် ဖွံ့ဖြိုးရေးတွေ လုပ်မယ့် အစီအစဉ်တွေထဲက တစိတ်တဒေသလည်း ဖြစ်ပါတယ်။ ကိုရင်မောင်က ပြောပြမှာပါ။