ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆားခါးရွာ အမျိုးသမီး ၉ ယောက် သတ်ဖြတ်ခံရမှု NUG ကိုတိုင်ကြားထား
ဆားခါးရွာ အမျိုးသမီး ၉ ယောက် သတ်ဖြတ်ခံရမှု NUG ကိုတိုင်ကြားထား
စစ်ကိုင်းတိုင်း၊ ယင်းမာပင် ခရိုင်၊ ဆားလင်းကြီးမြို့နယ်ထဲက ဆားခါးရွာမှာ ကိုယ်ဝန်ဆောင်သည်နဲ့ ကလေးမိခင်တွေ အပါအဝင် အမျိုးသမီး ၉ ယောက် သတ်ဖြတ်ခံရတဲ့ အတွက် အရေးယူပေးဖို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကို တိုင်ကြားထားတယ်လို့ ဆိုပါတယ်။ အဲဒီ အမျိုးသမီးတွေဟာ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။ သတ်ဖြတ်ခံရတာကို မျက်မြင် တွေ့ရှိခဲ့သူတွေက အခုမှ မိသားစုဝင်တွေကို အတည်ပြုပြောဆိုတာကြောင့် အရေးယူပေးဖို့ တိုင်ကြား နိုင်တာ ဖြစ်ပါတယ်။ သူတို့ကို ဘယ်သူတွေက သတ်ဖြတ်ခဲ့တာပါလဲ။ ဒီအကြောင်း မရွှေပိုးနီက ပြောပြပေးထားပါတယ်။