ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟားဗတ်နဲ့ ကန်အစိုးရ ဥပဒေကြောင်းအရ ရင်ဆိုင်
အမေရိကန် ပြည်ထောင်စုမှာတော့ ထရမ့် အစိုးရက အမေရိကန် တက္ကသိုလ်တွေမှာ ပြည်ပက လာကြတဲ့ ကျောင်းသား ကျောင်းသူတွေ ပညာသင်ကြားခွင့်ကို ပိတ်ပင်ဖို့ ကြိုးစားလာတာကို တားမြစ်တဲ့ အမိန့်ကို ပြည်ထောင်စု တရားသူကြီးက ထုတ်ပေးလိုက်ပါတယ်။ အဲဒါကြောင့် ဟားဗတ်တက္ကသိုလ်ဟာလည်း ပြည်ပက ကျောင်းသူကျောင်းသားတွေကို ဆက်လက် လက်ခံ နိုင်နေဦးမှာ ဖြစ်ပါတယ်။ အခု တရားသူကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် အမေရိကန်က ထိပ်သီး အိုင်ဗီလိဂ် တက္ကသိုလ်ကြီးတွေဟာ နိုင်ငံတကာ ကျောင်းသူကျောင်းသားတွေကို လက်ခံနိုင်နေကြဦးမှာ ဖြစ်သလို တဖက်မှာလည်း အစိုးရ လုပ်ရပ်ကို ဥပဒေကြောင်းအရ ဆက်လက် ရင်ဆိုင်နေကြရဦးမှာ ဖြစ်ပါတယ်။ ဘီဘီစီ မြောက်အမေရိရေးရာ သတင်းထောက် နော်မီယာ အစ်ခ်ဘားလ် ဟားဗတ်ကနေ ပေးပို့ထားတဲ့ သတင်း ကို မသီရိဇော်က ပြောပြမှာပါ။