ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် နိုင်ငံခြားရေး မူဝါဒ ဘယ်လို ဖြစ်လာမလဲ
အမေရိကန် နိုင်ငံခြားရေး မူဝါဒ ဘယ်လို ဖြစ်လာမလဲ
အရှေ့အလယ်ပိုင်းနဲ့ ယူကရိန်း က စစ်ရေးရေချိန်မြင့်တက်နေချိန်၊ တရုတ်ပြည်ရဲ့ အင်အားက ကြီးသည်ထက် ကြီးမားလာနေချိန်မှာ နောက်တက်မယ့် အမေရိကန် သမ္မတအတွက် စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့် နဲ့ ကမလာ ဟဲရစ်တို့ မှာလည်း ကမ္ဘာ့ ဇာတ်ခုံမှာ အမေရိကန် ရဲ့ အခန်းကဏ္ဍကို ဘယ်လိုဖော်ဆောင်သွားမလဲ ဆိုတာနဲ့ ပတ်သက်လို့ မူဝါဒ ကိုယ်စီရှိနေကြပါတယ်။ ဆိုတော့ လာမယ့် နှစ်တွေအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး မူဝါဒ ဘယ်လို ရှိလာနိုင်မလဲ ဆိုတာ ကြည့်ကြရအောင်ပါ။ ကိုဝေဖြိုးက ပြောပြမှာပါ။