ကုန်သည်ကို ဖမ်းရုံနဲ့ ဆန်ဈေးကို ထိန်းနိုင်မလား

ကုန်သည်ကို ဖမ်းရုံနဲ့ ဆန်ဈေးကို ထိန်းနိုင်မလား

ဆန်ကို အဆမတန် စျေးတင် ရောင်းချတယ်လို့ဆိုပြီး နာမည်ကြီး စျေးဝယ်စင်တာက တာဝန်ရှိသူတွေ၊ ဆန်ကုန်သည်တွေနဲ့ ဆန်စက်ပိုင်ရှင်တွေကို စစ်ကောင်စီက ဖမ်းဆီး အရေးယူထားပါတယ်။ အခုလို ဖမ်းဆီး အရေးယူရုံနဲ့ ပြည်တွင်း ဆန်စျေးကွက်ကို ထိန်းချုပ်နိုင်မှာပါလား။ စျေးကွက်ထဲမှာ ဆန်ဝယ်ယူရတဲ့ အခြေအနေကရော ဘယ်လိုရှိပါသလဲ။ အပြည့်အစုံကို မသူဇာလင်းက ပြောပြပေးသွားမှာပါ။