ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၆၅ နှစ်အတွင်း အဆိုးရွားဆုံး ဂျပန် တိုင်ဖွန်း မုန်တိုင်း
ဂျပန် နိုင်ငံမှာ တိုင်ဖွန်း မုန်တိုင်း ရှန်ရှန်ကြောင့် လူ ၄ ယောက်ထက် မနည်း သေဆုံးခဲ့ရပြီး၊ ဒါဇင်နဲ့ချီပြီး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါဟာ ၆၅ နှစ်အတွင်းမှာ အပြင်းထန်ဆုံး တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်မှုလည်း ဖြစ်ပါတယ်။ မုန်တိုင်းကြောင့် လေပြင်းတိုက်ခိုက်မှုတွေ၊ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်ပွားခဲ့ပြီး သိန်းနဲ့ချီတဲ့ လူတွေဟာ လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ပါတယ်။ မြေပြိုမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေ ရှိနေတာကြောင့် လူပေါင်း ၅ သန်းကျော်ကိုလည်း အရေးပေါ် နေရာ ပြောင်းရွှေ့ပေးခဲ့ရပါတယ်။ လာမယ့် ရက်တွေ အတွင်းမှာ တိုကျို မြို့ကို မုန်တိုင်းဝင်ရောက်မယ်လို့ ခန့်မှန်းထားပြီး၊ မုန်တိုင်း အန္တရာယ်ကို လူတွေက စိုးရိမ်နေကြပါတယ်။ မုန်တိုင်း အခြေအနေနဲ့ ပတ်သက်လို့ ဘီဘီစီ သတင်းထောက် ဂျင်း မက္ကင်ဇီရဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြပေးထားပါတယ်။