ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အစ္စရေးနဲ့ ဟဇ်ဘိုလာ တင်းမာမှုမြင့်တက်
အစ္စရေးနဲ့ ဟဇ်ဘိုလာ တင်းမာမှုမြင့်တက်
အစ္စရေးနဲ့ အိမ်နီးချင်း လက်ဘနွန်နိုင်ငံထဲက ဟဇ်ဘိုလာ လက်နက်ကိုင် အဖွဲ့နဲ့ ပဋိပက္ခတွေဟာ ဒေသတွင်းစစ်ပွဲ အဖြစ်ကျယ်ပြန့်လာမှာကို စိုးရိမ်နေကြရပါပြီ။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက အစ္စရေးနဲ့ ဟဇ်ဘိုလာ အဖွဲ့တွေကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။ ဂါဇာထဲက ဟားမတ်စ်အဖွဲ့ကို ထောက်ခံတဲ့ အနေနဲ့ အစ္စရေးကို တိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း ဟဇ်ဘိုလာ အဖွဲ့က ပြောကြားထားပါတယ်။ လက်ဘနွန်ထဲကို ထိုးစစ်ဆင်ဖို့အတွက် စစ်ရေးအစီအစဉ်တွေကိုလည်း အတည်ပြုပြီးပြီလို့လည်း အစ္စရေး စစ်တပ်က ပြောကြားနေပါတယ်။ ဘီဘီစီ သတင်းထောက် လူစီ ဝီလီယံဆန်ရဲ့ သတင်းကို မသီရိဇော်က ပြောပြပေးမှာပါ။