ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယ အမျိုးသမီး ၂ ဦးရဲ့ ထိတ်လန့်ဖွယ် အတွေ့အကြုံ
အိန္ဒိယ အမျိုးသမီး ၂ ဦးရဲ့ ထိတ်လန့်ဖွယ် အတွေ့အကြုံ
အိန္ဒိယ အရှေ့မြောက်ပိုင်းမှာ လူအုပ်ကြီးက အမျိုးသမီး ၂ ဦးကို အဝတ်တွေမပါဘဲ လမ်းလျှောက်ခိုင်းပြီး အုပ်စုလိုက် အဓမ္မကျင့်တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့တာ ၆ လ ရှိခဲ့ပါပြီ။ အဲဒီ အမျိုးသမီး ၂ ဦးက သူတို့ရဲ့ စိတ်ခြောက်ခြား စရာ အတွေ့အကြုံတွေကို သူတို့အတွက် ပထမဆုံး လူချင်းတွေ့ဆုံမေးမြန်းမှုအဖြစ် ဘီဘီစီကို ပြောပြခဲ့ကြပါတယ်။ သူတို့ရဲ့ ရှောင်ပုန်းနေရပုံ၊ အမှုအတွက် တရားဥပဒေအတိုင်း ဖြစ်ဖို့ ကြိုးစားနေရပုံတွေနဲ့ သူတို့ မျိုးနွယ်စုတွေအပေါ် သီးခြားအုပ်ချုပ်ရေးစနစ် တခုထားရှိဖို့ တောင်းဆိုနေရပုံတွေကို ကိုမိုးမြင့်က ပြန်ပြောပြမှာပါ။