အမေရိကန် ရာဇသံ ရုရှားပယ်ချ

အမေရိကန် ရာဇသံ ရုရှားပယ်ချ

ဒေါ်နယ်ထရမ့်က ရုရှားကို ယူကရိန်းနဲ့ အပစ်ရပ်ရေး ရက်ပေါင်း ၅၀ အတွင်း သဘောတူညီချက် တခု မရရင် ပိတ်ဆို့ အရေးယူမှုတွေ လုပ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ပါတယ်။ ကရင်မလင်ဘက်က ဒီလို ရာဇသံ ပေးတာဟာ လက်ခံနိုင်စရာ မရှိဘူးလို့ တုံ့ပြန်ပါတယ်။ မော်စကိုမြို့က ဘီဘီစီသတင်းထောက် စတိ ရိုဆင်ဘတ်ဂ်က နှစ်နိုင်ငံဆက်ဆံရေးတွေ ခါးသီးလာနေပြီ လို့ ဆိုပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။