ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာနိုင်ငံတွင်း တပ်သားသစ် စုဆောင်းမှုတွေ တိုးလာ
မြန်မာနိုင်ငံတွင်း တပ်သားသစ် စုဆောင်းမှုတွေ တိုးလာ
စစ်အာဏာသိမ်းပြီးနောက် စစ်ပွဲနဲ့ ပဋိပက္ခတွေ ဆက်လက် ပြင်းထန်လာနေချိန်မှာ စစ်ကောင်စီသာမက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ပေါင်းစုံက တပ်သားသစ်စု ဆောင်းမှုတွေကို ပိုတိုးလုပ်လာနေကြပါတယ်။ တပ်သားသစ် စုဆောင်းတဲ့အခါမှာလည်း မိမိဆန္ဒထက် အတင်းအကျပ် စုဆောင်းတာမျိုးတွေကို တချို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဘက်က ပြုလုပ်လာတာ တွေ့ရပါတယ်။ တစ်နိုင်ငံလုံးမှာ တပ်သားသစ် စုဆောင်းမှုတွေနဲ့ပတ်သက်ပြီး ကိုဘိုဘိုက စုစည်း ပြောပြပေးမှာပါ။