ရာသီဥတု ပြောင်းလဲမှုကြောင့် ဗြိတိသျှ ဘီယာ ထိခိုက်

ရာသီဥတု ပြောင်းလဲမှုကြောင့် ဗြိတိသျှ ဘီယာ ထိခိုက်

ရာသီဥတု ပြောင်းလဲမှု ရဲ့ ခြိမ်းခြောက်မှုကို ခံနေရတဲ့အထဲမှာ ဗြိတိသျှ ဘီယာလည်း ပါ ပါတယ်။ ဗြိတိသျှ ဘီယာက ချက်လုပ်တဲ့အခါမှာ သုံးတဲ့ hop လို့ ခေါ်တဲ့ တဆေးနွယ် အပေါ် မူတည်ပြီး အနံ့အရသာက ထူးခြားပါတယ်။ ဒါပေမယ့် အခုတော့ ပိုပြီး ပူနွေး ခြောက်သွေ့လာနေတဲ့ ရာသီဥတုတွေက အဲဒီ တဆေးနွယ်ပင်တွေကို ခြိမ်းခြောက်နေပါတယ်။ ဒါကြောင့်လည်း ဗြိတိသျှ သိပ္ပံပညာရှင်တွေက အဲဒီ တဆေးနွယ်တွေကို ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ပိုမို ခံနိုင်အောင် သူတို့အထဲမှာ ပါတဲ့ မျိုးဗီဇတွေကို လေ့လာနေကြပါတယ်။ ဘီဘီစီရဲ့ သိပ္ပံသတင်းထောက် ပါလဘ်ဂို့ရှ်ရဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။