အရက်နာကျတာလား၊ မက်သနောအဆိပ်သင့်တာလား - ဘယ်လိုသိနိုင်မလဲ

သံပုရာခြမ်းရယ်၊ ပူတီနံတို့နဲ့အတူ ဂျင်တော့နစ် ၂ ခွက်နဲ့ သစ်သားဘုတ်ပြားပေါ်မှာ တင်ထားတဲ့ပုံ၊ သံပုရာခြမ်းနဲ့ ပူတီနံအရွက်တွေ ဖန်ခွက်ဘေးမှာ ကျနေတာကို တွေ့ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဂျင်နဲ့ ဗော်ကာတို့လို စျေးကြီးတဲ့အရက်တွေမှာ အရောအနှောတွေထည့်လိုက်လို့ မက်သနော အဆိပ်မိတာတွေ ဖြစ်နေတာလားဆိုတာကို အာဏာပိုင်တွေက စုံစမ်းနေ
    • ရေးသားသူ, ဒယ်နီယယ် ဂဲလက်စ်၊ သောမတ်စ် ပါပွန်နဲ့ ဂျူလီယာဘွန်း
    • ရာထူးတာဝန်, ဘီဘီစီသတင်း ဘရာဇီး

မက်သနော သင့်နေတဲ့ အရက်ကိုသောက်မိလို့ လူ့အသက်သေဆုံးတဲ့အထိဖြစ်တဲ့ဖြစ်ရပ်တွေ ခပ်စိတ်စိပ်တွေ့လာရတာကြောင့် ဒီဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးနေတဲ့အချိန်မှာ ဗော်ကာနဲ့ ဂျင်တို့လိုစျေးကြီးတဲ့အရက်တွေ သောက်သုံးတာကို ရှောင်ကျဉ်ကြဖို့ လူထုကို ဘရာဇီးအစိုးရက သတိပေးနေပါတယ်။

မက်သနော အဆိပ်သင့်မှုကြောင့် အောက်တိုဘာလ ၃ ရက်နေ့အထိဆိုရင် ဘရာဇီးမှာ သေဆုံးသူ ၇ ဦး အထိရှိနေပါတယ်။

ယမကာသောက်ရင်း မက်သနောသင့်နေတဲ့အရက်တွေသောက်မိလို့ မက်သနော အဆိပ်သင့်မှုဖြစ်ရပ် ဒါဇင်ချီ တွေ့ခဲ့အပြီးမှာ အခုလိုအကြံပြုလိုက်တာပါ။

မက်သနောအဆိပ်သင့်မှုတွေကို ဆောက်ပေါ်လိုမြို့နဲ့ ပါနမ်ဘူကိုမြို့အပါအဝင် ပြည်ထောင်စုနယ်ထဲမှာ ဖေဖော်ဝါရီလ ၂ ရက်ကတည်းက မြင်တွေ့လာခဲ့တာကြောင့် ဖြစ်ပါတယ်။ စတင်ပေါ်ပေါက်ခဲ့ပါတယ်။

"မသောက်ဘဲ နေလိုက်လို့ အကျိုးယုတ်ဖို့ရှာ မရှိပါဘူး " လို့ ကျန်းမာရေး ဝန်ကြီး အလက်ဇန်းဒါး ပါဒီလ်လာက လူထုကိုအကြုံပြုခဲ့ပါတယ်။

"လူတွေ နေ့တိုင်း မဖြစ်မနေသုံးနေရတဲ့ပစ္စည်းအကြောင်းကို ပြောနေတာမဟုတ်ပါဘူး''

ကမ္ဘာ့တစ်လွှားမှာလည်း အလားတူဖြစ်စဥ်တွေရှိခဲ့တာမျိုး မှတ်တမ်းတွေရှိနေပါတယ်။

မကြာခဏဆိုသလို ထိခိုက်သူ လူနာအရေအတွက်များများနဲ့ အသေအပျောက်မြင့်တဲ့နှုန်းတွေနဲ့ အများအပြားကူးစက်ခံရတဲ့ဘဝတွေရဲ့ပြင်းထန်တဲ့အကျိုးဆက်တွေ စတာမျိုးတွေပါ။

ဒီတော့ မက်သနောအဆိပ်သင့်တာကို ဘယ်လိုရှောင်ရှားနိုင်မလဲ၊ သောက်မိရင် ဘယ်လို ပြေအောင်လုပ်မလဲ။

အညိုရောင်အရည်ပါတဲ့ပုလင်းကို ကြည့်နေတဲ့ ရှပ်အင်္ကျီအစင်းကြားနဲ့ အမျိုးသား တစ်ဦးနဲ့ ထင်ထင်ပေါ်ပေါ်ပုံစံရှိတဲ့ အပေါ်ဝတ်အင်္ကျီတွေကိုဝတ်ထားတဲ့ အမျိုးသားနဲ့ အမျိုးသမီး ၂ ဦး။

ဓာတ်ပုံ ရင်းမြစ်, Isaac Fontana / EPA / Shutterstock

ဓာတ်ပုံ ပုံစာ, ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂ ရက်နေ့ ဆာပေါ်လိုတောင်ပိုင်းကုန်လှောင်ရုံထဲမှာ အရက်တစ်ပုလင်းကို စစ်ဆေးမှုတွေလုပ်နေတဲ့ ကျန်းမာရေးစစ်ဆေးရေးအရာရှိတွေ

Silent killer အသံတိတ်လူသတ်သမား

မက်သနောအဆိပ်မိသင့်ရင် ရက်အတော်ကြာပြီးမှ လူကို သေစေတဲ့အထိ ဦးတည်ပါတယ်။ အစပိုင်းမှာ ဆိုးဝါးလွန်းတဲ့အရက်နာကျသလို ခံစားရနိုင်ပါတယ်။

တကယ်လို့ ကုသမယ်ဆိုရင်လည်း ဘီယာ ဒါမှမဟုတ် အရက်ကို ဆေးဘက်ဆိုင်ရာကြီးကြပ်မှုအောက် ချိန်ဆပြီး သောက်တာမျိုးနဲ့ ကုသလို့ရနိုင်ပါတယ်။

အိမ်တွင်း ဆေးမီးတို ကုသမှုမျိုးတွေတော့ မလုပ်ရပါဘူး။ တကယ်လို့ မက်သနောကို သောက်ခဲ့မိတာမျိုးဆိုရင်တော့ ချက်ချင်း ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

လူနာရဲ့သွေးထဲ အရက်ပါဝင်တဲ့နှုန်းကို အဆင့်တစ်ခုအထိ ကြာကြာထိန်းထားဖို့ လိုပါတယ်။ ဒါမှပဲ မက်သနောဟာ လူ့ခန္ဓာကိုယ်ထဲကနေ ဇီဝဖြစ်စဥ်ပုံစံနဲ့ မဟုတ်ပဲ သဘာဝအရ ထွက်သွားဖို့ အထောက်အကူဖြစ်စေပါတယ်။

ဒါပေမယ့်လည်း ဖြေဆေးနဲ့ သွေးသန့်စင်မှုတိုင်းတာခြင်းစတဲ့ ကျောက်ကပ်သန့်စင်မှု နေ့စဥ်လုပ်ဆောင်မှုတွေကို ကမ္ဘာတစ်လွှားက ဆေးရုံတွေမှာ ကုသမှုပုံစံမျိုး မကြာခဏ အသုံးပြုကြပါတယ်။

အမျိုးသားတစ်ဦးကအိပ်ရာပေါ်မှာလှဲနေပြီး ကျောက်ကပ်ဆေးတဲ့စက်နဲ့ ချိတ်ဆက်ထား ကာ ကုသမှုပေးနေစဥ်။ စက်ထဲက ပိုက်တွေဟာ သွေးစီးဆင်းမှုလမ်းကြောင်းနဲ့ ချိတ်ဆက် ထားတာပါ။ အရောင်သွေးစုံလင်လှတဲ့ အိပ်ရာနဲ့ ခေါင်းအုံးဖက်လုံးစတာတွေရှိနေပါ တယ်။ ၂၀၂၁ ခုနှစ် ဇွန်လ ၂၁ ရက်နေ့ကတည်းက မလေးရှားကဆေးရုံတစ်ခုမှာ ကုသမှု ခံယူနေတဲ့ အမျိုးသား။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မက်သနော သောက်မိတဲ့သူတွေကို ကျောက်ကပ်ဆေးကြောတဲ့ကုသမှုနဲ့လည်း ကုသလေ့ရှိပါတယ်

လက္ခဏာတွေနဲ့ ကုသပုံတွေ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တကယ်လို့ မက်သနော သောက်မိတယ်လို့ သိသိချင်း ပထမရက်ပိုင်းအတွင်း ကုသမှုခံယူတယ်ဆိုရင် နောက်ဆက်တွဲဖြစ်မယ့် ကိုယ်တွင်း ပျက်စီးမှုတွေကို ထိန်းချုပ်နိုင်ပါသေးတယ်။ သေဆုံးနိုင်မှုကို လျော့ချနိုင်သလို ဦးနှောက်ပျက်စီးသွားတာမျိုးနဲ့ မျက်စိကွယ်သွားတာ မျိုးတို့လို ကာလရှည်ပျက်စီးမှုကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါပေမယ့် မြန်မြန်ကုသနိုင်မှဖြစ်သလို ကုသမှုလည်း မြန်မြန်ခံယူမှဖြစ်နိုင်ပါတယ်။​

မက်သနောဟာ "အသံတိတ်လူသတ်သမား" လို့ ဒေါက်တာ ဟိုဒါက ပြောပါတယ်။

"အဲဒီလက္ခဏာတွေဟာ နောက်ရက် ဒါမှမဟုတ် နောက်ရက်အနည်းငယ်တိုင်အောင်ကို မပြကြပါဘူး။ ဒါကြောင့် လူနာတွေက ဘာဖြစ်နေတာလဲဆိုတာကို မသိကြပဲ လက္ခဏာတွေစပြီးခံစားလာရတာနဲ့ချက်ချင်း ဆိုသလို အရက်ဖြတ်လိုက်ကြတယ်။ အရင်ကတည်း အဲလိုမဖြစ်ခင် တရက်၊ နှစ်ရက်အလိုမှာ သောက်နေခဲ့ကြတယ်။"

နောက်ထပ်စိန်ခေါ်မှုက အခြားကျန်းမာရေးပြဿနာတွေကြောင့်ခံစားရတာမျိုးလိုပဲ လက္ခဏာတွေက တူနေတာမျိုးပါ။ ပြီး‌တော့ အရမ်းပြင်းထန်တဲ့အရက်နာကျတာမျိုးနဲ့ လည်း အချို့ဖြစ်စဥ်တွေက တူညီနေတာမျိုးပါ။

မက်သနောအဆိပ်မိခြင်းရဲ့ ရှေ့ပြေးလက္ခဏာတွေကတော့

အစာအိမ်နာခြင်း

ရင်ဘတ်အောင့်ခြင်း

အသက်ရှုသံပြင်းတာ သို့မဟုတ် အသက်ရှု ခက်ခဲခြင်း

နောက်ပိုင်းမှာတော့ အဲဒီထက်ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေတောင် ပေါ်လာနိုင်ပါတယ်။ အဲဒါတွေကတော့ အမြင်အာရုံပြဿနာဖြစ်လာတာမျိုး အမြင်တွေမှုန်ဝါးလာ ရာကနေ လုံးဝမမြင်ရတော့တာမျိုးပါ။

တံဆိပ်ပေါ်မှာ မီးတောက်နိုင်တဲ့ သင်္ကေတနဲ့ရေးသားဖော်ပြထားတဲ့ မီသနောပါတဲ့ အညိုရောင်ပုလင်း။ ဘယ်ဘက်မှာတော့ ပုလင်းအတွင်းပါတဲ့အရည်ပမာဏကို ရှင်းရှင်းလင်းလင်းဖော်ပြထားတဲ့ သင်္ကေတနဲ့ ပုလင်းတွင်းပါဝင်တဲ့ အရည်များ။ အခန်းရဲ့ နောက်ခံအလင်းက အရည်ကိုမြင်တွေနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မက်သနောဟာ အရည်ကြည်မို့ အရက်ထဲရောနေရင် မသိနိုင်ပါဘူး

မက်သနော မသောက်မိအောင် ဘယ်လိုရှောင်ရှားမလဲ

ဘရာဇီး အဖျော်ယမကာနယ်ပယ်ကတော့ ဒီနည်းလမ်းအချို့ကို မျှဝေပါတယ်။

- ယုံကြည်ရတဲ့နေရာတွေကပဲ ဝယ်ယူသောက်သုံးပါ။

- ပုံမှန်ထက်နည်းနေတဲ့စျေးနှုန်းတွေကို သတိပြုပါ။

- သေးငယ်တဲ့အမှုန်တွေနဲ့ ညစ်နေတဲ့အရာတွေပါနေတာမျိုးကို သောက်တာမျိုး ရှောင်ရှားပါ။

- စစ်မှန်တဲ့တံဆိပ်တွေကနေ ထုတ်တာမျိုးလား သေချာအောင် ငွေပေးမှတ်တမ်း ရယူပါ။

- အဖုံးက လေလုံအပိတ်ကို စစ်ဆေးပါ။ တကယ်လို့ပျက်နေတာမျိုးဆိုရင် မကောင်းတာရောနှောခံထားရတာမျိုး ဖြစ်ထားနိုင်ပါတယ်။

ကမ္ဘာတစ်လွှားမှာ အဲဒီလိုဖြစ်ရပ်တွေကြောင့် လူပေါင်း ၁၄,၀၀၀ သေဆုံးခဲ့ပြီး ဖြစ်ရပ်ပေါင်း ၄၀,၀၀၀ အထိရှိခဲ့တယ်လို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF) က မှတ်တမ်းတင်ထားပါတယ်။

အင်ဒိုနီးရှားကတော့ အဲဒီလိုဖြစ်ရပ် အများဆုံးဖြစ်တဲ့နိုင်ငံပါ။ စုစုပေါင်း ၃၃၄ ခုအထိ ရှိပါတယ်။

MSF က နော်ဝေနိုင်ငံသား ဆရာဝန် ကနူ အဲရစ် ဟိုဒါကနော့ မက်သနော အဆိပ်မိခြင်း ဖြစ်ပွား ခြင်းကို နှစ်ပေါင်း ၂၀ ကျော်အထိ လေ့လာခဲ့သူပါ။

"ခင်ဗျားတို့ ဘာကို သောက်လိုက်တာလည်းဆိုတာ ဂရုစိုက်ဖို့" ဒါမှမဟုတ် "လက္ခဏာ တွေခံစားရပြီးဆိုရင် ဆေးကုသမှုခံဖို" ဆိုတဲ့ သတင်းစကားမျိုးလူတွေဆီကို သတင်းအချက်အလက်တွေပျံနှံ့ဖို့က အရေးကြီးပါတယ်" လို့ သူက ဘီဘီစီကို ပြောပါတယ်။

ဆေးရုံအတွင်းလူနာဝတ်ဆုံနဲ့ လူနာအပြည့်ရှိနေပြီး သူတို့ကိုအကြောဆေးတွေသွင်းထား ပေးပြီး ကျန်းမာရေးလုပ်သားတွေက ဆေးရုံအတွင်းအလွန်အလုပ်များနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Stringer / AFP via Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၅ ခုနှစ်အတွင်း၊ ကင်ညာမှာ မက်သနောထည့်ပေါင်းပြီး အထူးချက်လုပ်ထားတဲ့ အရက်မျိုးကိုသောက်သုံးပြီးနောက် ဒါဇင်နဲ့ချီတဲ့လူတွေသေဆုံးခဲ့ပါတယ်

၂၀၁၃ ခုနှစ်၊ လစ်ဗျားမှာတော့ မီသနောအဆိပ်မိတာကြောင့် လူ ၁,၀၀၀ ကျော်ဆေးရုံ တင်ခဲ့ရပြီး ၁၀၁ ဦး သေဆုံးခဲ့ပါတယ်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာမှာတော့ လူ ၇၀ ကျော် ရုရှားမှာ သေဆုံးခဲ့ပါတယ်။

ကင်ညာမှာတော့ -

- ၂၀၁၄ ခုနှစ်မှာ ဖြစ်ပွားမှု ၂ ကြိမ်အတွင်း ၄၆၇ ခုရှိခဲ့ပြီး ၁၂၆ ဦး သေဆုံးပါတယ်။

- ၂၀၀၅ ခုနှစ်မှာတော့ မက်သနောပါတဲ့ချက်အရက်ကို သောက်မိလို့ လူဒါဇင်ချီသေဆုံးပါတယ်။

- ၂၀၀၀ ခုနှစ်မှာတော့ အလားတူအဖြစ်ကြောင့် အနည်းဆုံး လူ ၄၀၀ ကို ဆေးရုံတင်ခဲ့ရပြီး အဲဒီထဲက ၁၄၀ သေဆုံးကာ ၂၀ က‌တော့ လုံးဝမျက်စိကွယ်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့၊ ကိုးကာတာ၊ ဒိုင်မွန်းဟာဘားမြို့၊ ဒိုင်းမွန်းဟာဘား ဆေးရုံမှာ အဆိပ်မိတဲ့လူနာကို ကျောကုန်းပေါ်ကိုတင်ထားပြီး လက်မောင်းကိုဆန့် တန်းပြီး ဆေးဝါးဆိုင်ရာအထူးကုဆရာဝန်တွေကဆေးကုသပေးနေစဥ်

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ကိုးကာတာ တောင်ပိုင်းကျေးရွာအတွင်း အရက်ပုန်းရောင်းဆိုင်ကနေ အရက်သောက် သုံးပြီးနောက် လူဒါဇင်နဲ့ချီပြီးသေဆုံးခဲ့တဲ့အချိန် ၂၀၁၁ ခုနှစ်အတွင်း ဆေးကုသမှုခံ ယူခဲ့တဲ့ အမျိုးသားတစ်ဦး

ကုသမှုခံယူခြင်း

MSF ဟာ မက်သနော အဆိပ်သင့်တာကို ကုသဖို့ ကမ္ဘာတစ်လွှားက ဆရာဝန်တွေကို လေ့ကျင့်ပေးနေတာပါ။

ဖြစ်ပွားတဲ့နေရာတွေမှာလည်း တကယ်လို့ လက္ခဏာတွေကို ခံစားရရင် ဆေးဘက်ဆိုင်ရာ အကူအညီရယူဖို့ အသိပေးတဲ့ ဗီဒီယိုတွေကို ဖြန့်ဝေထားပါတယ်။

"လက္ခဏာ စတင်ပြီး ပထမဆုံး ၂၄ နာရီအတွင်း ကုသမှုကိုရရှိမယ်ဆိုရင် လူများစုဟာ ပြဿနာကို မက်သနောအဆိပ်သင့်တာကို ကျော်လွှားနိုင်စွမ်းရှိပါလိမ့်မယ်" လို့ ဒေါက်တာ ဟိုဒါက ပြောပါတယ်။

"ပထမဆုံး ၄၈ နာရီဒါမှမဟုတ် ၇၂ နာရီအတွင်းဆိုရင်တောင် အသက်မဆုံးရှုံးအောင်လို့ လုပ်ပေးနိုင်ပါတယ်"

အဲဒါဟာ အန္တရာယ်ဖြစ်စေတဲ့ ဖောမစ်အက်စစ်ဓာတ်ပေါင်းကို ပြောင်းသွားနိုင်တဲ့ခန္ဓာကိုယ်ရဲ့ မက်သနောအပေါ် ဇီဝဖြစ်စဥ်လုပ်ဆောင်ဖို့ ရယူတဲ့အချိန်ကာလ အတိုင်းအတာဖြစ်ပါတယ်။

ကုသမှုရဲ့ ရည်မှန်းချက်ကတော့ မက်သနောပါဝင်မှု အတိုင်းအတာပမာဏ လျော့နည်းသွားအောင်လုပ်ပြီး ခန္ဓာကိုယ်ဇီဝဖြစ် စဥ်လုပ်ဆောင်မှုကို ကာကွယ်ခြင်းဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံအတွင်းက ကျန်းမာရေးစင်တာ ၃၀ ခန့်ကတော့ အီသနောပါတဲ့ဆေးဝါးတွေကို အသုံးပြုပြီး အဲဒီလိုမျိုးကုသမှုတွေကို လုပ်ဆောင်ကြပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာတစ်လွှားက အရင်းအမြစ်နည်းပါးတဲ့ဆေးရုံတွေမှာတော့ ဘီယာကနေ ဝိုင်အထိ လူနာကို အချိန်အဆနဲ့ သောက်ခိုင်းတာ၊ အရေပြားပေါ်မှာ ပတ်တိုက်တာမျိုးလို ကုသမှုတွေကို အသုံးပြုပါတယ်။

စက်ပစ္စည်းအသုံးပြုပြီး သွေးတွေကိုသန့်စင်ရာမှာလည်း ကျောက်ကပ်ဆေးတာမျိုးလည်း သုံးကြပါတယ်။

တကယ်လို့ကျောက်ကပ်ဆေးတာမျိုးမလုပ်နိုင်ရင်တော့ အရက်ကို တစ်ပတ်ကျော် လောက်သာသောက်သုံးနိုင်ပါတယ်။

၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်၊ မာနာကွာ အနောက်မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာ၊ လီယွမ်စျေးအတွင်း မီသနောအဆိပ်သင့်မှုဖြစ်ခြင်းသံသယရှိတဲ့ သောက်သုံးစရာ တွေပါတဲ့ စည်နမူနာတွေကို ရဲနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ရယူခဲ့ပါတယ်။ လီယွမ်မှာ မီသနောပါဝင်တဲ့ ညစ်ညမ်းနေတဲ့ အိမ်လုပ်သောက်စရာကို သောက်သုံးပြီးနောက် လူ ၂၅ ယောက်ခန့်သေဆုံးခဲံပြီး ၁၀၀ ကျော်အဆိပ်သင့်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၀၆ ခုနှစ်အတွင်း နီကာရာဂွါ မက်သနော အဆိပ်သင့်မှု ဖြစ်ခြင်းသံသယရှိတဲ့အဖျော်စည်နမူနာတွေကို ရဲနဲ့ ကျန်းမာရေးဝန်ထမ်းတွေက ရယူစဥ်

မက်သနောအဆိပ်သင့်မှုအတွက် ဖြေဆေး

မက်သနောအဆိပ်သင့်တာကို အသင့်တော်ဆုံးဖြေဆေးကတော့ ဖိုမီပီဇိုးဖြစ်ပြီး တစ်ကြိမ်သုံးအတွက်ဆိုရင် ကုန်ကျစရိတ်က ယူရို ၁၀၀၀ (အမေရိကန်ဒေါ်လာ ၁၂၀၀) ရှိတယ်လို့ ဒေါက်တာ ဟိုဒါကပြောပါတယ်။

အလားတူဆေးမျိုးကို ကုမ္ပဏီတွေ လိုလိုထုတ်နိုင်ပေမဲ့ ဆေးဝါးကုမ္ပဏီကြီးတွေဟာ စျေးကျအောင် မလုပ်နိုင်သေးပါဘူး။

ကာဗွန် ၃ လုံးနဲ့ ချိတ်ဆက်ထားတဲ့ နီဟိုနီယံ နဲ့ နိုက်ထဂျင်တို့ပါတဲ့ ဖိုမီပီဇိုး ဓာတုဓါတ်ပေါင်း ဖွဲ့စည်းပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဖိုမီပီဇိုးကို မက်သနောအဆိပ်မိတဲ့လူနာတွေအတွက်အသုံးပြုပေမယ့်လည်း အလျှင် အမြန်ရရှိရနိုင် ခက်ခဲပါတယ်

ဖိုမီပီဇိုးကို ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးရဲ့မရှိမဖြစ်လိုအပ်တဲ့ဆေးပစ္စည်းစာရင်းထဲမှာ MSF ကထည့်သွင်းချင်ပါတယ်။ အဲဒါဆိုရင်တော့ တရားဝင်မှတ်ပုံတင်ခွင့်မပြုထားတဲ့ ဘရာဇီးလို နိုင်ငံတွေကိုလည်း လွယ်ကူစွာနဲ့တင် သွင်းလို့ရသွားမှာပါ။

တချိန်တည်းမှာပဲ ဘရားဇီးအစိုးရဟာ လူနာ ၁၀၀ စာ ဖိုမီပီဇိုး လှူဒါန်းပေးဖို့ ပန်အမေရိကန်ကျန်းမာ‌ရေးအဖွဲ့ကို တောင်းဆိုထားပါတယ်။ ပြီးတော့ အီသနောကို ဆေးဘက်ဆိုင်ရာသိုလှောင်ထားနိုင်ဖို့ အရင်းအမြစ်တွေရှိအောင် အကူအညီပေးကြဖို့ နိုင်ငံတကာ ဆေးဝါးလုပ်ထုံးလုပ်နည်းဆိုင်ရာအဖွဲ့ကြီး ၁၀ ဖွဲ့ထံမှာလည်း မေတ္တာရပ်ခံထားပါတယ်။

သတ္တုလုံခြုံရေးလေးထောက်ခွက်ကို သူ့လက်ထဲမှာကိုင်ထားပြီး သတ္တုနံရံမှာ ကန့်သတ် တဲ့အဝါ‌ရောင်အမှတ်အသားကို ကပ်နေတဲ့အမျိုးသားတစ်ဦး။

ဓာတ်ပုံ ရင်းမြစ်, Isaac Fontana / EPA / Shutterstock

ဓာတ်ပုံ ပုံစာ, မက်သနောပါတဲ့သောက်စရာတွေကို ရှာဖွေတဲ့စီမံချက်အတွင်း ဆာပေါ်လိုက ကုန်လှောင်ရုံတစ်ခုကို ချိတ်ပိတ်နေတဲ့ ကျန်းမာရေးစစ်ဆေး‌ရေးအရာရှိ - အောက်တိုဘာ ၂ ရက်။

စျေးပေါတဲ့ မက်သနော

ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း ကမ္ဘာ့တစ်လွှားမှာ မက်သနောရရှိမှုဟာ သိသိသာသာကို ကျယ်ပြန့်လာနေပါတယ်။ ဒီဇယ်၊ ဓါတ်ဆီတို့ထက် သဘာဝပတ်ဝန်းကျင်နဲ့ ပိုပြီးကိုက်ညီ တာကြောင့် စက်သုံးဆီအနေနဲ့အသုံးပြုကြတာမျိုးပါ။

ဘရာဇီးမှာတော့ မက်သနောအသုံးပြုမှုနဲ့ ပတ်သတ်ပြီးတော့ ဥပဒေတွေနဲ့ ကန့်သတ်ထား ပါတယ်။ သိုလှောင်တာနဲ့ ရွှေ့ပြောင်းမှုတွေအတွက် မဖြစ်မနေမှတ်ပုံတင် ရပါတယ်။

အမျိုးသားရေနံအေဂျင်စီရဲ့အဆိုအရ အဆိပ်အတောက်အာနိသင်ရှိတဲ့ပစ္စည်းနဲ့ အီသနောနဲ့ ဓါတ်ဆီ တို့ကို ညစ်ညမ်းအောင်ရောစပ်တာမျိုး ဖြစ်နိုင်ခြေအပြင် ပြည်သူလုံခြုံရေးနဲ့ လူသား ကျန်းမာရေးအန္တရာယ်တွေကြောင့်လို့ ပြောပါတယ်။

စျေးကြီးတဲ့အရက်ပုလင်းတွေ ထုတ်ပိုးချိန်အတွင်း မတော်တဆညစ်ညမ်းမှုဖြစ်စေခဲ့တာမျိုး ဒါမှမဟုတ် တမင် မက်သနောကို ထည့်ပေါင်းပြီး စျေးပေါပေါထုတ်တာလားဆိုတာကို ဘရာဇီအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။

"သောက်စရာတွေထဲမှာ မက်သနောကို ပေါင်းထည့်ပြီးတော့ ပိုက်ဆံပိုရအောင် လူတွေက လုပ်ကြတာ။ ဘာလိုလဲဆိုရင် မီသနောကအရက်နဲ့တကယ့်ကိုမှ ရောနှောနိုင်လို့ပဲ'' လို့ ဒေါက်တာ ဟိုဒါက ပြောပါတယ်။

"တကယ်လို့ ရေ ဒါမှမဟုတ် အရက်နဲ့တူတာမျိုးကိုရောမယ် ပြီးရင် စားပွဲမှာချပေးလိုက်မယ်ဆိုရင် အဲဒီအရာဝတ္ထုတွေက ကွဲပြားသွားမှာပါ ပြီးတော့လည်း အဲဒါကိုကောင်းကောင်းကြီးမြင်တွေ့နိုင်တယ်"

"မက်သနောကို ရောရင်တော့ ကွဲထွက်နေတာမျိုးကို ခင်ဗျားမြင်နိုင်မှာမဟုတ်ဘူး။ အနံက လည်း မပြောင်းဘူး ပုံမှန်အရက်လိုပဲ။ သူ့မှာ အရသာမရှိဘူး။ အရောင်လည်းမရှိဘူး။ တစ်ခြားစကားနဲ့ပြောရရင်တော့ အဲဒါကိုသောက်မိရင် သောက်မိသွားလားဆိုတာမျိုး သိအောင်လုပ်ဖို့ အလွန်ခက်ပါတယ်"