ကျွန်မအမျိုးသားကို ထရမ့်နှုတ်ဆက်ခိုင်းလိမ့်မယ်လို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး

ဓာတ်ပုံ ရင်းမြစ်, Nato
- ရေးသားသူ, မိုင်ရိုစလာဗာ ပက်တဆာ
- ရာထူးတာဝန်, ဘီဘီစီ ယူကရိန်း
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ကျွန်မအမျိုးသား ကို နှုတ်ဆက်ခိုင်းလိမ့်မယ်လို့ ဘယ်တော့မှ စိတ်တောင်မကူးမိခဲ့ပါဘူး။
ဒါပေမယ့် အဲဒါက ဖြစ်ခဲ့ပါတယ်။ ကမ္ဘာကြီးတစ်ခုလုံးရှေ့မှာ သည်ဟိဂ်က နေတိုးအစည်းအဝေးမှာပါ။
ရယ်စရာကောင်းတာက သမ္မတထရမ့်ရဲ့ သတင်းစာရှင်းလင်းပွဲမတိုင်ခင်က ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးနဲ့ ထရမ့်တို့ရဲ့အစည်းအဝေးမှာ အခြားသတင်းထောက်တွေ နဲ့အတူ သတင်းယူဖို့အတွက် ခွင့်ပြုတာမျိုးမရခဲ့လို့ တကယ်ကိုကျွန်မစိတ် ပျက်နေခဲ့တာပါ။
အစည်းအဝေးကိုသတင်းယူဖို့ ဒါမှမဟုတ် ခေါင်းဆောင်တွေကို မြင်ရဖို့တောင် သတင်းသမားတွေ အခွင့်အရေးရမှာမဟုတ်ဘူးဆိုတာ ထိပ်သီးအစည်းအဝေး မတိုင်ခင်က ကျွန်မမသိနိုင်ခဲ့ပါဘူး။
အဲ့ဒီနေ့နှောင်းပိုင်းမှာ သမ္မတထရမ့် သတင်းစာရှင်းလင်းပွဲလုပ်မယ့် အခြားနေရာတစ်နေရာကို ကျွန်မတက်သုတ်ရိုက်ခဲ့ရပါတယ်။ ထရမ့်ကို တစ်ကမ္ဘာလုံးက ရာချီတဲ့ သတင်းထောက်တွေက စောင့်နေကြတာပါ။
ကျွန်မရဲ့မေးခွန်းကို စိတ်ထဲမှာ အသင့်ပြင်ထားတာတောင်မှ တကယ်တမ်းမေးဖို့ကတော့ အခွင့်အရေးက အရမ်းနည်းမယ်ဆိုတာကို ယုံကြည်ခဲ့ပါတယ်။ ဒါပေမယ့်လည်း မဖြစ်နိုင် စရာမရှိခဲ့ပါဘူး။
ဘဲဥပုံရုံးခန်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလတုန်းက သမ္မတဇလန်စကီးနဲ့ထရမ့်တို့ရဲ့ အစည်းအဝေးအတွင်း သမ္မတထရမ့်ကို ကျွန်မမေးခွန်း နှစ်ခုမေးခဲ့ပါတယ်။
တကယ်လို့ ငြိမ်းချမ်းမှုမရှိသေးဘူးဆိုရင် ယူကရိန်းကိုလက်နက်တွေဆက်လက်ထောက်ပံ့ဖို့ ဆန္ဒရှိသေးလားလို့ မေးခဲ့ပါတယ်။
သူကတော့ ပေးမယ်လို့ပြန်ဖြေခဲ့ပါတယ်။
ပြီးတော့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကအပစ်ခတ်ရပ်စဲရေးကိုချိုးဖောက်မယ်ဆိုရင် သူ့အနေနဲ့ ဘာလုပ်မလဲလို့မေးတော့လည်း သူဖြေခဲ့တာက "တစ်ခုခုဘာဖြစ်မယ်ထင်လဲ။ တကယ်လို့ ဗုံးတစ်လုံး မင်းခေါင်းပေါ်ကိုအခု ကျလာမယ်ဆိုရင်ရော" လို့ ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Jim Lo Scalzo / Pool / EPA-EFE / REX / Shutterstock
ဒါကြောင့် ကနဦးအနေနဲ့ အနက်ရောင်အပေါ်ကုတ်အင်္ကျီကိုချွတ်လိုက်တယ်။ ဒါမှ အခန်းထဲက အနက်ရောင်ဝတ်စုံတွေနဲ့ လူပင်လယ်ကြီးထဲ ကျွန်မ ထင်ရှားသွားမှာမို့ သမ္မတထရမ့်က မြင်သွားစေဖို့ပါ။ အဲဒီနောက်ကျွန်မက စင်နဲ့အနီးဆုံး နေရာမှာ နေရာယူခဲ့တယ်။
ပြီးတော့ ကျွန်မလက်ကိုတောက်လျှောက်ထောင်ထားလိုက်တယ် သူသတိထား မိဖို့ မျှော်လင့်ရင်းပေါ့။ တစ်ကြိမ်မှာတော့ သူ သတိထားမိသွားပါတယ်။ ပြီးတော့ နောက်တစ်ယောက်ဆိုပြီး ကျွန်မဆီညွှန်ပြခဲ့တယ်။
ကျွန်မရဲ့မေးခွန်းဖြစ်တဲ့ ပေးထရီယော့ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ ရုရှားက ယူကရိန်းရဲ့ မြို့တွေကို အရှိန်မြှင့်ဗုံးကြဲတိုက်ခိုက်နေတဲ့ အချိန်မျိုးမှာ ယူကရိန်းကို အဲဒီလိုကာကွယ် ရေးစနစ် မျိုး ရောင်းဖို့ ဆန္ဒရှိသလားလို့ မေးခဲ့ပါတယ်။
လေကြောင်းကာကွယ်ရေးဟာ ယူကရိန်းအတွက် ဦးစားပေးအရာတစ်ခုဖြစ်လာခဲ့ပါတယ်။ အခုရက်ပိုင်းတွေမှာတော့ အထူးသဖြင့် ကိယက်၊ ဒနီပရိုရိုနဲ့ ဥဒစ္စမှာ ရုရှားက အရပ်သားအစုလိုက်အပြုံလိုက်ကို သတ်ဖြတ်နေတာမို့ပါ။

ဓာတ်ပုံ ရင်းမြစ်, NATO
ပညာသားပါတဲ့ တုံ့ပြန်မှု
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြီးခဲ့တဲ့နှစ် ဘိုင်ဒင်အစိုးရလက်ထက်မှာတုန်းကတော့ အဲဒီဒုံးကျည်ကြားဖြတ် ပစ်ချတဲ့ အရာတွေကို အလေးထားပြီး ပို့ဆောင်ခဲ့ပေမယ့် ထပ်မံဖြည့်တင်းဖို့ ယူကရိန်းက အရေးတကြီးလိုအပ်နေတာပါ။
ဒါကြောင့် ကျွန်မရဲ့မေးခွန်းကို ချက်ချင်းဖြေဖို့အတွက်ကို မျှော်လင့်ထားခဲ့ပါတယ်။ အဲဒီအစားသမ္မတထရမ့်က ကျွန်မရဲ့အမျိုးသားက ယူကရိန်းကစစ်သားလားလို့မေးခဲ့ပါတယ်။
ဟုတ်ပါတယ်လို့ ပြန်ဖြေခဲ့ပါတယ်။
ကျွန်မမေးခွန်းကို သူအဲလိုမျိုးတုန့်ပြန်လိမ့်မယ်လို့ ကျွန်မ မမျှော်လင့်ထားခဲ့ပါဘူး။ ပြီးတော့ ကမ္ဘာပေါ်မှာအာဏာအရှိဆုံးလူသားတစ်ဦးက ကျွန်မရဲ့ပုဂ္ဂိုလ်ရေးရာဘဝအခြေအနေကို ပွင့်ပွင့်လင်းလင်းမေးလာတဲ့အပေါ် တုန့်ပြန်ဖို့အတွက် အဆင့်သင့်ဖြစ်မနေခဲ့တာပါ။ အဲဒါက လည်း ဘယ်တုန်းကမှ ကျွန်မတွေးတော စီစဥ်ခဲ့တာမျိုးမဟုတ်ပါဘူး။
ဒါပေမယ့်လည်း ကျွန်မတို့ရဲ့ ပြောကြဆိုကြတဲ့အခါမှာတော့ သမ္မတထရမ့်က သူများအတွက် တွေးပေးတတ်ပြီး အင်မတန်ကို လျောက်ပတ်စွာနေထိုင်ပြောဆိုခဲ့ပါတယ်။ ဘယ်လိုမျိုးတောင် ကျွန်မတို့အတွက် စိတ်အဆင် မပြေတဲ့အခြေအနေမျိုးရှိနေတယ်ဆိုတာကို အများသိအောင် သူကအသိအမှတ်ပြုခဲ့ပါ တယ်။
ပြီးတော့ ကျွန်မနဲ့ ကျွန်မမိသားစုအကြောင်း သူက မေးခွန်းတွေ ထပ်မေးပါတယ်။ မသိရင် စစ်ပွဲကြောင့် ဘဝတွေ ထိခိုက်နစ်နာခဲ့ရတဲ့ သာမန်ယူကရိန်းသားတစ်ဦးကို မြင်ဖူးတဲ့အလားပါပဲ။ ပြီးတော့ သူက စစ်ပွဲကြောင့် ထိခိုက်နစ်နာရပုံအကြောင်း အခွင့်အရေးရတုန်း လူသန်းပေါင်းများစွာရှေ့မှာ ပွင့်ပွင့်လင်းလင်းပြောဆိုချင်ပုံပါပဲ။
လက်နက်တောင်းဆိုခြင်း

ဓာတ်ပုံ ရင်းမြစ်, Pool via Reuters
နောက်ဆုံးမှာတော့ကိယက်ဗ်ဘက်က အဲဒီလက်နက်တွေ တောင်းဆိုထားတယ်ဆိုတာကို သမ္မတထရမ့်က အတည်ပြုခဲ့ပါတယ်။ အဲဒီအရာကိုဖြစ်လာအောင်လို့သူ့အနေနဲ့ ကြိုးစားလုပ်ဆောင်နေတယ်လို့ သူက ပြန်ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီထက်ပိုတာတွေလည်းရှိပါသေးတယ်။
နောက်ဆုံးမှာတော့ ကျွန်မရဲ့အမျိုးသားကိုနုတ်ဆက်တယ်လို့ ပြောပေးဖို့ သမ္မတထရမ့်က ကျွန်မကိုပြောခဲ့ပါတယ်။ ရုရှားကအလုံးစုံကျူးကျော်ခဲ့ပြီး နောက်တစ်ရက်ကစလို့ ယူကရိန်းကို ကာကွယ်နေတဲ့သူ တစ်ယောက်အတွက် အခုလိုပြောခဲ့တာက ရုတ်တရက် အရမ်းကိုစိတ်လှုပ်ရှားမျိုးကို လုံးဝခံစားခဲ့ရပါတယ်။
ဒီစစ်ပွဲအတွက် ကျွန်မမိသားစုက ပုဂ္ဂိုလ်ရေးအရ ပေးဆပ်နေရတာကို သူက အသိအမှတ်ပြုပြီး ကျွန်မ စိတ်ချမ်းသာအောင် လုပ်ပေးချင်တဲ့အလားခံစားခဲ့ရပါတယ်။
ကျွန်မတို့ရဲ့ အပြန်အလှန်ပြောဆိုခဲ့တာကိုပြန်စဥ်းစားကြည့်ရင်၊ အခုလိုအပြန်အလှန်ပြောဆိုမှုက ကျွန်မ တစ်ဦးတစ်ယောက်တည်းအတွက်မျိုးမဟုတ်ဘဲ ယူကရိန်းမှာရှိတဲ့ ရဲဘော်ရဲဘက်တွေအတွက် အများကြီးကို အဓိပ္ပါယ်ရှိစေတာပါ။
အဲဒါကတကယ်ကို သမ္မတထရမ့်အတွက်လည်း တစ်စုံတစ်ရာအဓိပ္ပါယ်ရှိမယ်လို့ ယူကရိန်းကအများစုက မျှော်လင့်ကြမယ်လို့ ကျွန်မထင်မိပါတယ်။












