ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အလက်ပို မြို့က ထွက်ပြေးသွားသူတွေရဲ့ အိမ်အပြန်ခရီး
အလက်ပို မြို့က ထွက်ပြေးသွားသူတွေရဲ့ အိမ်အပြန်ခရီး
လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းက ဆီးရီးယား နိုင်ငံ အလက်ပို မြို့ကနေ ထွက်ပြေးခဲ့ကြသူတွေဟာ အိမ်ပြန်လာနေကြပါပြီ။ အလက်ပိုမြို့ဟာ သူပုန်အဖွဲ့တွေ ပထမဆုံး သိမ်းယူခဲ့တဲ့ အဓိက မြို့ကြီး တစ်မြို့လည်း ဖြစ်ပါတယ်။ အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ဟူဂို ဘရှေးဂါး ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြပေးထားပါတယ်။