အိန္ဒိယက ခေတ်ပေါ် စိုက်ပျိုးရေး

အိန္ဒိယက ခေတ်ပေါ် စိုက်ပျိုးရေး

အိန္ဒိယ နိုင်ငံက လုပ်သား အင်အားစုရဲ့ ၅၀ ရာခိုင်နှုန်းဟာ လယ်ယာစိုက်ပျိုးရေး ကဏ္ဍမှာ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ နိုင်ငံလူဦးရေ သန်း ၁၄၀၀ အထိ တိုးပွားလာပြီ ဖြစ်တဲ့ အိန္ဒိယမှာ ဒီလူတွေ စိုက်ပျိုးထုတ်လုပ်နေတဲ့ ကောက်ပဲသီးနှံတွေကို အားထားရနေတာပါ။ ဒါကြောင့်လည်း စိုက်ပျိုးရေး လုပ်ငန်းတွေမှာ ပိုပြီး အထွက်တိုးအောင် အကျိုးအမြတ် ပိုရအောင် ရိုးရာနည်းလမ်းတွေနဲ့ စိုက်ပျိုးမှုတွေနေရာမှာ အေအိုင်ရဲ့ အကူအညီနဲ့ ခေတ်ပေါ် နည်းပညာတွေကို သုံးပြီး စိုက်ပျိုးလာကြပါတယ်။ အာချာနာ ရှုကလာရဲ့ သတင်းကို မသီရိဇော်ကပြောပြမှာပါ။