ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းက ရက် ၃ဝ အပစ်ရပ်ဖို့ သဘောတူ
ယူကရိန်းက ရက် ၃ဝ အပစ်ရပ်ဖို့ သဘောတူ
ယူကရိန်းက ရက် ၃၀ အပစ်ရပ်ဖို့ သဘောတူလိုက်ပြီးနောက်မှာ ရုရှားဆုံးဖြတ်ရမဲ့အချိန် ဘောလုံးက ရုရှားကွင်းထဲ ရောက်သွားပြီလို့ အမေရိကန်က ပြောပါတယ်။ မော်စကိုကတော့ အမေရိကန်နဲ့ ယူကရိန်း အကြား ရခဲ့တဲ့ ရက် ၃၀ အပစ်ရပ် သဘောတူညီမှုနဲ့ ပတ်သက်လို့ အမေရိကန်ဘက်က အကြီးတန်း အရာရှိတွေက ပြောပြလာမယ့် အချိန်ကို စောင့်မယ့် အကြောင်း ပြောပါတယ်။ ကိယက်ဗ်က ဒီအစီအစဉ်ကို လက်ခံထားပါတယ်။ ယူကရိန်း အာဏာပိုင်တွေက အမေရိကန်က ပေးနေတဲ့ စစ်ရေး အကူအညီနဲ့ ထောက်လှမ်းရေး သတင်း ဖလှယ်မှုတွေလည်း ပြန်လည် စတင်နေပြီ ဖြစ်တယ်လို့ ပြောပါတယ်။ ဘီဘီစီ သတင်းထောက် တွမ် ဘိတ်မန်းပြောပြထားတဲ့ သတင်းကို ကိုရင်မောင်က ပြောပြမှာပါ။