ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၁၀၂၇ စစ်ဆင်ရေး တကျော့ပြန် တိုက်ပွဲအတွင်း လားရှိုး၊ မိုးမိတ်နဲ့ နောင်ချိုမှာ တိုက်ပွဲတွေ ပြင်းထန်နေ
၁၀၂၇ စစ်ဆင်ရေး တကျော့ပြန် တိုက်ပွဲအတွင်း လားရှိုး၊ မိုးမိတ်နဲ့ နောင်ချိုမှာ တိုက်ပွဲတွေ ပြင်းထန်နေ
၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်တိုက်ပွဲ ၁၄ ရက်အတွင်း မြောက်ပိုင်း မဟာမိတ်တွေ ဘက်က စစ်ကောင်စီ တပ်စခန်း ၃၃ ခုကို သိမ်းပိုက်ထားပြီး လားရှိုး၊ မိုးမိတ်နဲ့ နောင်ချိုမှာ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တအာင်းတပ် ပြောခွင့်ရသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။ ကိုးကန့်တပ် (MNDAA) က လားရှိုးမြို့ကို ဝင်ရောက် တိုက်ခိုက်နေပြီး နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံတွေလည်း မြို့ကို စွန့်ခွာ ထွက်ပြေးနေကြရပါပြီ။ ရှမ်းမြောက်ဘက်က စစ်ရေး အခြေအနေ တွေကို မနှင်းမို က ပြောပြမှာပါ။