ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂိုလန်တိုက်ခိုက်မှု တုံ့ပြန်ဖို့ နေတန်ညာဟု ဆုံးဖြတ်မယ်
ဂိုလန်ကုန်းမြင့်ကို စနေနေ့က ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခံခဲ့ရခြင်းအပေါ် အချိန်နဲ့ ဘယ်လို တုံ့ပြန်မယ်ဆိုတာကို အစ္စရေး ဝန်ကြီးချုပ် နေတန်ညာဟုကပဲ ဆုံးဖြတ်ဖို့ အတွက် အစ္စရေး လုံခြုံရေး ကက်ဘိနက်က အခွင့်အာဏာပေးအပ်လိုက်ပါတယ်။ အစ္စရေး ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဟဇ်ဘိုလာရဲ့ လက်ချက် ဖြစ်တယ် လို့ အပြစ်ဆိုခဲ့သလိုမစ္စတာ နေတန်ညာဟုကလည်း ဟဇ်ဘိုလာအနေနဲ့ ကြီးကြီးမားမား ပြန်လည် ပေးဆပ်ရမယ်လို့ ဆိုခဲ့ပါတယ်။ အဲဒီနေ့က နယ်စပ်အနီးမှာ ရှိတဲ့ မြို့လေးက ဘောလုံးကွင်းကို တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး အဲဒီ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ လူငယ် ၁၂ ဦးရဲ့ ဈာပန တွေကိုလည်း တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုကနေ တဆင့် ဒေသတွင်း စစ်မီးတောက်တွေထ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ အစ္စရေး သိမ်းပိုက်ထားတဲ့ ဂိုလန် ကုန်းမြင့်ကနေ ဘီဘီစီ သတင်းထောက် ပေါလ် အက်ဒမ်စ် ပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။