တရုတ် မိုင်းတွင်း လူသတ်မှုတွေနဲ့ တရားစွဲ

ဓာတ်ပုံ ရင်းမြစ်, Xinhua
တရုတ် နိုင်ငံက မိုင်းတွင်းတွေမှာ လုပ်ငန်းခွင် အတွင်း မတော်တဆ ဖြစ်တဲ့ပုံစံမျိုး နဲ့ လူသတ်မှုတွေ ကျူးလွန်ခဲ့မှုနဲ့ ဆက်စပ်သူ ၇၄ ယောက်ကို အစိုးရ ရှေ့နေတွေက တရားစွဲဆို လိုက်ပါတယ်။
စွပ်စွဲခံရသူတွေက သေဆုံးသူတွေရဲ့ မိသားစုဝင်တွေ အဖြစ် ဟန်ဆောင်ပြီး ဒီဖြစ်ရပ်တွေ အတွက် နှုတ်ဆိတ်နေမယ်၊ အပြန်အလှန်အားဖြင့် ငွေကြေး ပေးရမယ်လို့ မိုင်းတွင်း ပိုင်ရှင်တွေကို ကမ်းလှမ်း ခဲ့ကြတာ ဖြစ်ပါတယ်။
တရုတ်အစိုးရ သတင်း မီဒီယာက ထုတ်ပြန်တဲ့ သတင်းမှာ လူ ၁၇ ယောက်ဟာ အခြေအနေ ရှုပ်ထွေးတဲ့ အနေအထားမှာ သေဆုံးခဲ့တယ် လို့ ဆိုထားပါတယ်။
လုပ်ငန်းခွင် သေဆုံးမှုတွေအတွက် ဥပဒေအရ နစ်နာကြေး နှစ်ဆ တိုးခဲ့ပြီးတဲ့နောက် ဒီလို လူသတ်မှုတွေက ၂၀၁၁ ခုနှစ် နောက်ပိုင်းမှာ ပိုများလာခဲ့တယ် လို့ တရုတ် ရှေ့နေတွေက ပြောပါတယ်။




