ပြင်သစ်တစ်ဦး အသတ်ခံရတာ အတည်ပြု

ဓာတ်ပုံ ရင်းမြစ်, AFP
အယ်လ်ဂျီးရီးယား အစ္စလာမ်မစ် စစ်သွေးကြွတွေ ရဲ့ ဖမ်းဆီး ထားတာ ခံနေရ တဲ့ ပြင်သစ်နိုင်ငံသား အယ်ဗေး ဂိုလ်ဒဲ တစ်ယောက် ခေါင်းဖြတ် အသတ်ခံလိုက်ရပြီ လို့ ပြင်သစ် အာဏာပိုင် တွေက အတည်ပြု လိုက်ပါတယ်။
အယ်ဗေး ဂိုလ်ဒဲ ကို အစွန်းရောက်တွေ က သူရဲဘောကြောင်စွာ၊ ကြမ်းကြုတ်စွာ၊ အရှက်တရား ကင်းမဲ့စွာ နဲ့ သတ်ဖြတ် လိုက်ပါပြီ ဆိုပြီး ပြင်သစ် သမ္မတ ဖရော်န်ဆွာ အိုလော်န့် က ကြေညာ သွားပါတယ်။
အစောပိုင်းတုန်းက အစွန်းရောက်တွေ ထုတ်ပြန်ခဲ့ တဲ့ မစ္စတာ ဂိုလ်ဒဲ ကို ခေါင်းဖြတ်နေတာကို ဖော်ပြနေတဲ့ ဗီဒီယို ထွက်ရှိခဲ့ပါ တယ်။
မစ္စတာ ဂိုလ်ဒဲ ကို သတ်ဖြတ်ခဲ့ တဲ့ အယ်လ်ဂျီးရီးယား အစ္စလာမ်မစ် အဖွဲ့ အမည်ဟာ Jund al-Khilifa ဖြစ်ပြီး IS အဖွဲ့နဲ့ အဆက်အစပ် ရှိပါတယ်။




