အစ္စလာမ်မစ် လူသစ်စုဆောင်းသူကို ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်,
ဆီးရီးယား နိုင်ငံထဲ က အစ္စလာမ်မစ် လက်နက်ကိုင်တွေ ထဲ ပါဝင်ဖို့ လူသစ် စုဆောင်း နေသူ လို့ သံသယ ရှိခံရသူ တစ်ဦး ကို၊ ပြင်သစ် အာဏာပိုင်တွေ က ပါရီမြို့တော် လေဆိပ်မှာ၊ ဖမ်းဆီး လိုက် ပါတယ်။
အခု ဖမ်းဆီးခံလိုက်ရတဲ့ Mourad Fares ဆိုသူဟာ၊ အလွန် အန္တရာယ် ကြီးမားသူ တစ်ဦး ဖြစ်တယ် လို့ ပြင်သစ် ပြည်ထဲရေး ဌာနက ပြောပါတယ်။
ပြင်သစ် အာဏာပိုင်တွေ ရဲ ခန့်မှန်းချက် အရ၊ ပြင်သစ် နိုင်ငံသား ၉၀၀ လောက်၊ ဆီးရီးယားနဲ့ ပတ်ဝန်းကျင် ဒေသတွေရဲ့ ပြည်တွင်းစစ်တွေ ထဲ ပါဝင် နေကြတယ် လို့ သိရပါတယ်။
အနောက် ဥရောပ နိုင်ငံတွေထဲ မှာ၊ ပြင်သစ် ဟာ မွတ်ဆလင်ဦးရေ အများဆုံး ရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။




