နိုင်ဂျီးရီးယား ကျောင်းတွေ နောက်ကျဖွင့်

ဓာတ်ပုံ ရင်းမြစ်, AP
နိုင်ဂျီးရီးယား နိုင်ငံမှာ အီဘိုလာ ဗိုင်းရပ်စ် ရောဂါ ကူးစက်မှာ စိုးလို့ ကျောင်းတွေ ၂ ပတ်ကျော် နောက်ကျ ဖွင့်ခဲ့ရ ပါတယ်။
အီဘိုလာ ရောဂါ တွေ့ရှိ ခဲ့တဲ့ လာဂေါ့စ် မြို့တော်က ကျောင်းတွေကိုတော့ နောက်လ ထိ ဆက်ပိတ် ထားမှာ ဖြစ်ပါတယ်။
ကျောင်းသား တွေကြား ရောဂါ မကူးစက် ရအောင် အစိုးရက သေချာ နေရာတကျ စီစဉ် ပေးဖို့ နိုင်ဂျီးရီးယား ဆရာများ သမဂ္ဂက တောင်းဆို နေပါတယ်။
နိုင်ဂျီးရီးယားနဲ့ ဆီနီဂေါ နိုင်ငံ တွေမှာ အီဘိုလာ ရောဂါကို တော်တော်ကြီး ထိန်းချုပ် တားဆီး နိုင်ခဲ့ပြီ လို့လဲ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ပြောကြား ပါတယ်။
အီဘိုလာ ကြောင့် အာဖရိက ၅ နိုင်ငံမှာ လူ ၂ ထောင့် ၈ ရာ နီးပါး သေကြေ ပျက်စီး ခဲ့ရပြီ ဖြစ်ပါတယ်။




