အီဘိုလာ ကာကွယ်ဆေး လူတွေနဲ့ စတင် စမ်းသပ်

ဓာတ်ပုံ ရင်းမြစ်, epa
အီဘိုလာ ရောဂါ ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံ အောက်စဖို့ဒ် မြို့မှာ လူသားတွေနဲ့ စမ်းသပ်မှု စတင် လိုက်ပါတယ်။
တိရစ္ဆာန်တွေကို စမ်းသပ်မှု အရ ရလဒ်ကောင်းတွေ ရခဲ့ပြီးတဲ့ နောက်မှာ ကျန်းမာ သန်စွမ်းသူ လူ ၆၀ ကို အီဘိုလာ ရောဂါ ကာကွယ် ဆေးတွေ ပေးပြီး စမ်းသပ်မှု စတင်လိုက်တာ ဖြစ်ပါတယ်။
ဆေးသုတေသီ အဖွဲ့ဟာ အပေျာ့စား အီဘိုလာ မျိုးဗီဇကို ချင်ပန်ဇီတွေမှာ ဖြစ်လေ့ရှိတဲ့ အအေးမိ ရောဂါ ဗိုင်းရပ်စ်နဲ့ ပေါင်းစပ် ခဲ့ကြတယ်လို့ ဝက်စ်မင်စတာ တက္ကသိုလ်က ဒေါက်တာ Edward Wright က ပြောပါတယ်။
အဲဒီလို ပေါင်းစပ် ထားတဲ့ ဆေးဟာ အီဘိုလာကို ခုခံနိုင်မယ့် ပဋိဇီဝ ပစ္စည်းတွေကို လူ့ ခန္ဓာကိုယ်က ထုတ်လုပ်ဖို့ လှုံဆော် ပေးလိမ့်မယ်လို့ မျှော်လင့်တာ ဖြစ်ပါတယ်။
ဒီနှစ်ကုန်မှာ အဲဒီ ဆေးတွေကို အီဘိုလာ လူနာတွေကို ကုသပေးနေတဲ့ ကျန်းမာရေး လုပ်သားတွေ အတွက် သုံးကောင်း သုံးနိုင်မှာ ဖြစ်ပါတယ်။
ဒီကာကွယ်ဆေးကို ဗြိတိန်နိုင်ငံက GlaxoSmithKline ဆေးကုမ္ပဏီနဲ့ အမေရိကန်က National Institutes of Health တို့က ထုတ်ဖော် ခဲ့ကြတာ ဖြစ်ပါတယ်။




