ခွဲရေး တွဲရေး စကော့တလန်တွေ မဲပေးနေ

ဓာတ်ပုံ ရင်းမြစ်, AFP
ယူကေ ကနေ ခွဲထွက်မလား၊ ဒါမှမဟုတ် ဆက်နေမလား ဆိုတာကို ဆုံးဖြတ်ဖို့ ဒီကနေ့ ကြာသပတေးနေ့မှာ ပြုလုပ်တဲ့ ဆန္ဒ ခံယူပွဲမှာ စကော့တလန်က ပြည်သူတွေ မဲပေး နေကြ ပါတယ်။
မဲပေးခွင့် ရှိတဲ့ အငယ်ဆုံး အသက် ကန့်သတ်ချက်ကိုလည်း ၁၇ နှစ်ကနေ ၁၆ နှစ်အထိ ပထမဆုံး အကြိမ် လျှော့ချ သတ်မှတ်ပြီး မဲပေး စေခဲ့ပါတယ်။
စကော့တလန်မှာ မဲပေးပိုင်ခွင့် ရှိသူ ၄ သန်းကျော် ရှိပြီး မဲပေးသူ အရေအတွက်လည်း မြင့်မားမယ်လို့ ယူဆရပါတယ်။
မဲပေးဖို့ တန်းစီနေသူ အများအပြားကို တွေ့ဆုံ မေးမြန်းရာမှာ သူတို့ အနေနဲ့ ဒီဆန္ဒ ခံယူပွဲရဲ့ သမိုင်းအရ အရေးပါမှုကို အခိုင်အမာ သဘောပေါက် ကြတယ်လို့ ပြောကြပါတယ်။
စကော့တလန် အနှံ့က မဲရုံပေါင်း ၅၅၀၀ ကျော်မှာ ဒေသအချိန် ည ၁၀ နာရီ အထိ မဲပေးကြမှာ ဖြစ်ပါတယ်။
မဲရလဒ်ကိုတော့ မနက်ဖြန် သောကြာနေ့ မနက်မှာ ကြေညာမှာ ဖြစ်ပါတယ်။




