ဝီဂါ လူမျိုး ပညာရှင်ကို တရုတ် ရုံးထုတ်

ဓာတ်ပုံ ရင်းမြစ်, AP
တရုတ် နိုင်ငံ မှာ ခွဲထွက်ရေး ဝါဒီ အဖြစ် စွဲဆိုခံရတဲ့ ထင်ရှားတဲ့ ဝီဂါ လူမျိုး ပညာရှင် တစ်ယောက်ကို ဥရွမ်ချီ မြို့မှာ လုံခြုံရေးတွေ အကြီး အကျယ် ချထားပြီး ရုံးထုတ်ခဲ့ပါတယ်။
ဝီဂါလူမျိုး ပညာရှင် Ilham Tohti ဆိုသူဟာ ရာဇဝတ်ဂိုဏ်း က ထိပ်တန်း အဖွဲ့ဝင် တစ်ယောက် အဖြစ် စွဲဆိုခံရပြီး ခွဲထွက်ရေး အမြင်တွေကို ဖြန့်ဝေသူ ဖြစ်တယ်လို့ စွပ်စွဲခံရတာ ဖြစ်ပါတယ်။
စီးပွားရေး ပါမောက္ခဟောင်း ဖြစ်သူ Ilham Tohti ဟာ တီယန်နမင် ရင်ပြင်မှာ ဖြစ်ခဲ့တဲ့ ကားနဲ့ အသေခံ တိုက်ခိုက်မှု အပေါ် အစိုးရရဲ့ တုံ့ပြန်ချက်ကို ရှုတ်ချ ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ဖမ်းဆီး ခံခဲ့ရတာပါ။
ကုလ သမဂ္ဂ၊ ဥရောပ သမဂ္ဂနဲ့ အမေရိကန် တို့ကတော့ မစ္စတာ Tohti ကို လွှတ်ပေးဖို့ တောင်းဆိုနေကြပါတယ်။




