IS အပေါ် ကန် လေကြောင်း တိုက်ခိုက်မှု ပြန်စ

ဓာတ်ပုံ ရင်းမြစ်, AFP
အစ္စလာမ္မစ် နိုင်ငံ အဖွဲ့ IS ကို ဘယ်လို ကိုင်တွယ် ချေမှုန်းရမလဲ ဆိုတဲ့ မဟာဗျူဟာ အသစ်ကို ချမှတ်ပြီးနောက် ပထမဆုံး အဖြစ် အမေရိကန်က IS အပေါ် လေကြောင်း တိုက်ခိုက်မှုတွေ ပြန်လည် စတင် လိုက်ပါတယ်။
အီရတ် အစိုးရ တပ်ဖွဲ့တွေကို တိုက်ရိုက် အကူအညီ ပေးတဲ့ အနေနဲ့ အီရတ် နိုင်ငံ မြောက်ပိုင်းနဲ့ ဘဂ္ဂဒက် မြို့တော် အနီးက ပစ်မှတ်တွေကို အမေရိကန် လေယာဉ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အစ္စလာမ္မမစ် နိုင်ငံ အဖွဲ့ကို ခြေမှုန်းနိုင်ဖို့ အတွက် ပိုမို ကျယ်ပြန့်တဲ့ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုတွေ ရရှိလာဖို့လည်း အမေရိကန်က ကြိုးစား ထားပါတယ်။
တချိန်တည်းမှာ အီရတ် ကာကွယ်ရေး ဝန်ကြီးနဲ့ ပြည်ထဲရေး ဝန်ကြီး နေရာ ၂ ခုအတွက် ဝန်ကြီးချုပ်သစ်ရဲ့ အမည်စာရင်း တင်သွင်းမှုကို အီရတ် ပါလီမန်က လက်မခံလို့ ကြန့်ကြာ နေရပါတယ်။




