တရုတ် စာရေးဆရာကို ဘေဂျင်း ရဲတွေ ဖမ်းဆီး

ဓာတ်ပုံ ရင်းမြစ်, AFP
တရုတ် နိုင်ငံမှာ ကွန်မြူနစ် ပါတီ ထိပ်တန်း ခေါင်းဆောင် တစ်ယောက်ကို ဝေဖန်တဲ့ ဆောင်းပါး ရေးခဲ့သူ အသက် ၈၁ နှစ် အရွယ် စာရေးဆရာ Huang Zerong ကို ဘေဂျင်း ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။
တနင်္ဂနွေ နေ့က ရဲတွေ ရောက်လာပြီး ဘာကြောင့် ဆိုတဲ့ အကြောင်းပြချက် တိတိကျကျ မပြောဘဲ ပြဿနာ ဖြစ်အောင် လုပ်ဆောင်တဲ့ အတွက် ဆိုပြီး Huang Zerong ကို ဖမ်းခေါ် သွားတာ ဖြစ်တယ်လို့ သူ့ ဇနီးက ပြောပါတယ်။
မကြာသေးခင်က Huang Zerong ရေးခဲ့တဲ့ ဆောင်းပါးမှာ သတင်း မီဒီယာ လွတ်လပ်ခွင့် ကန့်သတ်မှုကို ဝေဖန် ရေးသား ခဲ့တဲ့ အပြင် အဲဒီ ကိစ္စအတွက် တရုတ် ကွန်မြူနစ် ပါတီရဲ့ ဝါဒ ဖြန့်ချိရေး အကြီးအကဲ Liu Yunshan မှာ တာဝန် ရှိတယ်လို့ ရေးသား ခဲ့ကြောင်းလည်း သူ့ဇနီးသည်က ပြောပါတယ်။




