ရေကြီးမှုကြောင့် ပါကစ္စတန်နဲ့ အိန္ဒိယမှာ ဒါဇင်နဲ့ချီသေ

ဓာတ်ပုံ ရင်းမြစ်, AP
ပါကစ္စတန်နဲ့ အိန္ဒိယ နယ်စပ်တဝိုက်က ပန်ဂျပ်နဲ့ ကက်ရှ်မီးယား ဒေသတွေမှာ မုတ်သုန်ရာသီ နှောင်းပိုင်း ရေကြီးမှုတွေ အတွင်း လူ ၁၀၀ နီးပါး သေဆုံးခဲ့ပါတယ်။
ပါကစ္စတန် ဘက်မှာ အနည်းဆုံး လူ ၆၆ ဦး သေဆုံးခဲ့ပြီး အများစုက ရေတွေ လျှံတက်လာချိန်မှာ အိမ်တွေ ပြိုကျခဲ့ရာကနေ သေဆုံးခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒေသခံတွေကို နေအိမ်တွေကနေ စွန့်ခွာ ကြဖို့ ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ စစ်တပ်က တိုက်တွန်း ပြောဆိုနေပါတယ်။
အိန္ဒိယ အုပ်ချုပ်တဲ့ ကက်ရှ်မီးယား ဒေသမှာတော့ ရေကြီးမှုတွေအတွင်း လူ ၂၈ ဦး သေဆုံးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
အဲဒီ အရေအတွက်ဟာ ကြာသပတေးနေ့က လူ ၅၀ စီးနင်းလာတဲ့ ဘတ်စ်ကားတစီး ရေစီးနဲ့ မျောပါသွားလို့ သေဆုံးရတဲ့ အရေအတွက် မပါသေးဘူးလို့ ဆိုပါတယ်။ လက်ထပ် မင်္ဂလာပွဲအတွက် လှည့်လည်လာတဲ့ အဲဒီ ဘတ်စ်ကားပေါ်က သတို့သမီးနဲ့ သတို့သား အပါအဝင် ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။




