ဟောင်ကောင် ဒီမိုကရေစီကို ဖျက်ဆီးပစ်ဖို့ တရုတ်ရဲ့ ကြိုးစားမှု

တရုတ်ပြည်မကြီးဘက်က ဟောင်ကောင် ရွေးကောက်ပွဲစနစ်ကို ဝင်ရောက်ပြင်ဆင်ဖို့ ကြိုးစားတာဟာ ဘီဂျင်းဘက်က ကျုးကျော်လွှမ်းမိုးမှုကို စိတ်ပူနေတဲ့သူအတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေတစ်ခု ဖြစ်လာပါတယ်၊
ဟောင်ကောင်က လတ်တလောအပြောင်းအလဲတွေဟာ တရုတ်ပြည်မကြီးကို သစ္စာခံတဲ့သူတွေ အတွက် အာဏာတွေပိုရလာဖို့ အခွင့်အလမ်းတွေ ဖြစ်လာစေသလို ဒီမိုကရေစီ နိုင်ငံကြီး တစ်ခုအဖြစ် ဟောင်ကောင်ကို အသက်သွင်းချင်တဲ့ သူတွေအတွက်ကတော့ ပွဲသိမ်းခရာမှုတ်လိုက်သလို ဖြစ်သွားစေပါတယ်။
ဟောင်ကောင်နဲ့ပတ်သက်လို့ တရုတ်နိုင်ငံရဲ့ လုပ်ဆောင်မှုတွေကို အမေရိကန်၊သြစတြေးလျနဲ့ ဥရောပနိုင်ငံတွေက ကန့်ကွက်ရှုတ်ချနေကြပေမဲ့ ဒါနဲ့ပတ်သက်လို့ ဟောင်ကောင်အတွင်းက တုံ့ပြန်မှုတွေကိုတော့ မှန်းဆရခက်နေပါတယ်။
ဟောင်ကောင်သား အများစုကလည်း ဒါနဲ့ပတ်သက်လို့ ဘာမှထပ်ပြောချင်ကြပုံမရပါဘူး။
ဟောင်ကောင်ကသာမန်လူထုအနေနဲ့က သူတို့စိတ်ထဲမှာရှိတဲ့ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးကြားက ဆက်စပ်မှုတွေကို လွတ်လွတ်လပ်လပ်ဖွင့်ပြောဖို့လည်း ပိုခက်လာပါတယ်။
အာဏာရှင်တွေ လုပ်နေကျ လုပ်ထုံးလုပ်နည်း
ဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ရဲ့ ထင်မြင်ချက် သဘောထားကို ဟောင်ကောင်က မိတ်ဆွေ တစ်ယောက်ကို မေးကြည့်တော့ "အဲ့ဒါတွေက အာဏာရှင်တွေရဲ့ လုပ်ထုံးလုပ်နည်းလေဗျာ"လို့ သူကပြန်ဖြေပါတယ်။
စင်ကာပူ နန်ယန် နည်းပညာတက္ကသိုလ် လက်ထောက် ပါမောက္ခ လီဂျွန်ဟွက်ခ်ကလည်း ဒီအခြေအနေအောက်မှာ အားလုံးပျက်စီးသွားမှာလို့ ပြောပါတယ်။
"လူတွေကလည်း ကိုယ့်ကိုယ်ကိုယ် ရည်ရွက်ချက်ရှိရှိ မပြောတော့သလိုမျိုး လုပ်လာကြမယ်၊ ပြီးတော့ ဖြစ်လာနိုင်ခြေတွေအများကြီးထဲမှာ အစိုးရကို ဆန့်ကျင်ကန့်ကွက်ဖို့ လမ်းပေါ်ထွက်ဆန္ဒပြ လှုံ့ဆော်တာတွေ လုပ်နေတဲ့ ဟောင်ကောင်သားတွေထဲမှာတောင် အချင်းချင်း ယုံကြည်မှုတွေ ပျက်ပြားသွားတဲ့အထိ တရုတ်ကွန်မြူနစ်ပါတီက ဖျက်ဆီးပစ်လိမ့်မယ်" လို့သူကပြောပါတယ်။
ဒါဆိုရင် ဟောင်ကောင် မျိုးချစ်တွေရဲ့ အနေအထားက ဘယ်လိုဖြစ်လာမလဲ။ အနာဂတ်မှာလည်း လူ တွေက ဘာတွေဖြစ်လာမယ်လို့ မျှော်လင့်ထားသလဲ။

လွန်ခဲ့တဲ့ နှစ်၂၀ကို ပြန်သွားနေတဲ့ ဟောင်ကောင်
ဒီအပြောင်းအလဲမှာ တိုက်ရိုက်သက်ရောက်မှုတွေရှိခဲ့တဲ့ အတိုက်အခံနိုင်ငံရေး သမားတွေကတော့အခုအချိန်ထိ ထုတ်ဖော်ပြောဆိုတာတွေ ရှိနေပါသေးတယ်။
အတိုက်အခံဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လိုကင်ဟီက အခုအပြောင်းအလဲကနေ လွန်ခဲ့တဲ့ နှစ်၂၀အခြေအနေကို ပြန်ရောက်သွားနိုင်တယ်လို့ သတိပေးခဲ့သလို ပြီးခဲ့တဲ့ နှစ်၂၀အတွင်းမှာဖြစ်ခဲ့တဲ့ တိုးတက်ပြောင်းလဲမှုတွေ ကိုလည်း တရုတ်အစိုးရက ဖျက်ဆီး ပြစ်လိုက်ပြီ လို့လည်း ဘီဘီစီကို ပြောပါတယ်။
"ဟောင်ကောင် နိုင်ငံရေးမှာ ကျွန်တော်တို့ပါဝင်နိုင်မှုက အရင်ထက်ပိုနည်းလာပြီ။ ပြီးတော့ ဒီစနစ်က အစိုးရအဖွဲ့ကို ဘယ်သူ တာဝန်ယူမလဲဆိုတာ အဆုံးဖြတ်ပေးမှာဖြစ်လို့ အနာဂတ်မှာ ဒီစနစ်ကို ကျော်လွှားဖို့ ဆိုတာကလည်း အရမ်းခက်လာမယ်"လို့ သူက ပြောခဲ့ပါတယ်။
လိုကင်ဟီရဲ့ ပါတီက ဘဏ္ဍာရေးမှူး ရေမွန်ယွန်ဟွိုင်မန်ကလည်း တရုတ်ခေါင်းဆောင်တွေက ဒီမိုကရေစီကို နင်းခြေပစ်နေတာ၊ဟောင်ကောင်အခြေခံဥပဒေထဲမှာပါတဲ လူတိုင်း မဲပေးပိုင်ခွင့် ရှိတယ်ဆိုတဲ့ သဘောထားကို ဖျက်ဆီးပစ်နေတာလို့ ပြောပါတယ်။
ဒါကြောင့် လက်ရှိအခြေအနေအရ လိုကင်ဟီနဲ့ အခြား ဒီမိုကရေစီလိုလားထောက်ခံတဲ့ အင်အားစုတွေဟာ ရွေးကောက်ပွဲမှာ သူတို့ဝင်ပြိုင်မလား၊ ဒါမှမဟုတ် နောက်ထပ် လမ်းကြောင်းတစ်ခုကို ရွေးမလား ဆိုတာတွေကို ဆွေးနွေးညှိနှိုင်းရ ခက်တဲ့ အနေအထားကို ရောက်နေပါတယ်။
အဲ့ဒါနဲ့ပတ်သက်လို့ သွားရမယ့် နိုင်ငံရေးလမ်းကြောင်းမရှိသလို လူထုအားနဲ့ လုပ်ဖို့လည်း မလွယ်ဘူးလို့ နန်ယန်နည်းပညာတက္ကသိုလ် ပါမောက္ခက လီကလည်း အခုလို ပြောပါတယ်။
"အရမ်းနောက်ကျသွားပြီလို့ ထင်တယ်။ တရုတ်ခေါင်းဆောင်တွေက ဘယ်တုန်းကမှ လူထုကို လမ်းကြောင်းဖွင့်ပေးမှာ မဟုတ်သလို နိုင်ငံတကာက ဖိအားပေးလာရင်လည်း သူတို့ဆုံးဖြတ်ချက်ကို ပြန်ပြင်မှာ မဟုတ်ဘူး " လို့ပြောပါတယ်။
အောက်ခြေကလူတွေရဲ့ သဘောထားကိုသိနိုင်ဖို့ သူတို့နဲ့ စကားပြောဖို့ ပိုခက်လာတာတွေရှိပေမဲ့ ကြိုစားပြောရင်ရင်တော့ ရနိုင်တဲ့ အခြေနေတွေတော့ရှိပါတယ်။
"ဟောင်ကောင်ကလူအများစု ဒီက ထွက်သွားကြဖို့ တိုင်ပင်နေကြတာကို ကျွန်တော်တို့ အမြဲကြား နေရတယ်" လို့ ဟောင်ကောင်က နည်းပညာလုပ်ငန်းတစ်ခုမှာ လုပ်ကိုင်နေတဲ့ ကန်လျုက ပြောပါတယ်။
ဒါပေမဲ့ သူ့အနေနဲကတော့ ဆက်နေဖို့ ပြင်ဆင်ထားတယ်လို့ပြောပါတယ်။
" ကျွန်တော့်အမြင် သဘောထားတွေကို ဖြန့်နိုင်တဲ့ လမ်းကြောင်းတွေရှိနေသေးနေသရွေ့ ဆက်လုပ်သွားမယ်"လို့ ပြောနေပေမယ့် တစ်ဖက်မှာလည်း ဟောင်ကောင်ကနေ လူတွေအပြီးတိုင် စွန့်ခွာထွက်သွားမှာကိုတော့စိုးရိမ်တယ်လို့ပြောပါတယ်။
ယူကေကလည်း ဟောင်ကောင်သားတွေ သူတို့ဆီ ဝင်လာနိုင်ဖို့ လမ်းကြောင်းဖွင့်ပေးထားပါတယ်။ ဟောင်ကောင်ကို တရုတ်လက်ထဲ ပြန်မလွှဲခင်အချိန်(၁၉၉၇)ခုနှစ်မတိုင်မီ မွေးခဲ့တဲ့ လူတွေကို အထူးပြည်ဝင်ခွင့်ဗီဇာပေးပြီး ဝင်ခွင့်ပြုထားပြီး အဲ့ဒီသူတွေ ဟာ ဗြိတိသျှနိုင်ငံသားဖြစ်ခွင့်လည်း ရကြမှာဖြစ်ပါတယ်။
ဒါပေမဲ့ ဒါဟာ ဟောင်ကောင်သားအများကြီး အတွက် ကုန်ကျစရိတ်ကြီးတဲ့ လမ်းကြောင်း တစ်ခုပါလို့ ပါမောက္ခလီက ပြောပါတယ်။ဒါကြောင့် ဟောင်ကောင် သာမန်ပြည်သူအများစု အတွက် ဘုံပျောက်သလိုဖြစ်ပြီး ထွက်သွားဖို့ကလည်း မဖြစ်နိုင်တဲ့အနေအထားရှိနေပါတယ်။
ပြီးတော့ ဘေဂျင်း ရဲ့ ဖိအားပေးမှုကို အများစုက မကျေနပ်ကြတဲ့ အလားတူ "နိုင်ငံရေး အခွင့်အရေးကိစ္စတွေက လူနေမှုဘဝတွေမှာ မရှိမဖြစ်တော့ မဟုတ်ဘူး"လို့ သဘောထားတဲ့ သူတွေလည်းရှိနေတယ်လို့ ပါမောက္ခလီက သတိပေးပါတယ်။
ပြီးတော့ စီးပွားရေးအကျိုးအမြတ်တွေရဖို့ နိုင်ငံရေးအပေးအယူတွေလုပ်ရမယ်ဆိုတဲ့ အပေါ်ဆွေးနွေးငြင်းခုံမှုတွေလည်း ရှိနေတယ်ဆိုတာ သူကရှင်းပြပါတယ်။
ခေါင်းဆောင်တွေက သူတို့ရဲ့ ကြီးပွားချမ်းသာမှုကို ဆောင်ကျဥ်းနေပေးနိုင်သရွေ့ သူတို့ရဲ့ နိုင်ငံရေးအခွင့်အရေးကို ထုတ်မပြောဘဲ အေးအေးချမ်းချမ်း နေလိုတဲ့ တရုတ်ပြည်မကြီးက လို လူတွေလည်းရှိနေတယ်ဆိုတာကို သူကထောက်ပြပါတယ်။
ဟောင်ကောင် ကြီးပွားချမ်းသာလာမှာလား
တရုတ်ဘက်က လုပ်နေတဲ့ကိစ္စတွေကို ကန့်ကွက်နေကြတဲ့လူတွေရဲ့ အသံထက် တရုတ်လုပ်တာ ကိုထောက်ခံတဲ့သူတွေရဲ့ အသံကို ရှာရတာက ပိုလွယ်ပါတယ်။
ပန်နီဆန်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပရိသတ် ထောင်ပေါင်းများစွာရှိနေတဲ့ နာမည်ကျော် တစ်ယောက်ပါ။ သူဟာ အခုဟောင်ကောင်မှာဖြစ်နေတဲ့ အပြောင်းအလဲတွေကို အပြည့်အဝ ထောက်ခံတဲ့သူဖြစ်ပြီး၊ ဟောင်ကောင်က နိုင်ငံရေးသမားတွေကလည်း အဲ့လိုပဲ လက်ခံသင့်တယ်လို့ ပြောနေတဲ့သူပါ။
ပြီးတော့ သူပါဝင်ခဲ့တဲ့ လတွေနဲ့ချီကြာတဲ့ ၂၀၁၉ခုနှစ်တုန်းကဆန္ဒပြပွဲ အခြေအနေတွေထက် အခုအခြေအနေက ပိုကျေနပ်အားရစရာ ကောင်းတယ်လို့လည်း ပြောပါတယ်။ အဲ့တုန်းက ဆန္ဒပြပွဲတွေကိုလည်း အဓိကရုဏ်းလို့ သူက သုံးနှုန်းပါတယ်။
"အဓိကရုဏ်းတွေဖြစ်နေတဲ့အချိန်တုန်းကဆို ကျွန်မစိတ်ထဲရှိတာတွေ ထုတ်ပြောမိလို့ အတိုက်အခိုက်ခံရမှာကြောက်ခဲ့ရတယ်"လို့ လည်း သူကပြောပါတယ်။

"တရုတ်ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေဖြစ်နေတဲ့အတွင်းမှာလည်း ပြဿနာတက်မှာစိုးလို့ နိုင်ငံရေး အကြောင်းပြောတာကို ရှောင်ပြောခဲ့ရတယ်။ အဲ့ဒီအခြေအနေဟာ အရင်တုန်းက ကျွန်မတို့သိခဲ့တဲ့ ဟောင်ကောင် မဟုတ်ဘူး" လို့ သူက ဆက်ရှင်းပြပါတယ်။
ဟောင်ကောင်က မျိုးချစ် နိုင်ငံရေးသမားတွေအနေနဲ့ လည်း ဆွေးနွေး ညှိနှိုင်းစရာတွေကို လွတ်လွတ် လပ်လပ် ဆွေးနွေးနိုင်မှာဖြစ်ပြီး၊ အရေးတကြီး ဖြေရှင်းဖို့လို အပ်နေတဲ့ အိမ်ရာ ပြဿနာ တွေလည်း လူတွေနဲ့ နီးနီးကပ်ကပ် ဆွေးနွေးဖြေရှင်းနိုင်မယ်လို့လည်း သူက ထပ်ပြောပါတယ်။ဟောင်ကောင်မှာ ကြီးပွားအောင်မြင်မှ ကျွန်မတို့ဘဝတွေလည်း တည်တည်ငြိမ်ငြိမ်ရှိမယ်လို့ လည်းသူကပြောပါတယ်။
အဲ့ဒီ အမြင်တွေက တရုတ်ကိုထောက်ခံတဲ့သူတွေ အတွက် မှန်တယ်လို့ပြောနိုင်ပေမဲ့ ဆန့်ကျင်ဘက် အုပ်စုလူ တွေအတွက်တော့ သဘောတူ နိုင်မှာ မဟုတ်ဘူးလို့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
တရုတ်ရဲ့ ပြောင်းလဲမှုအပေါ် စိုးရိမ်မှုတွေရှိနေ
ဟောင်ကောင်မှာရှိနေတဲ့ လူအများစုတင်မက ပြည်ပကလေ့လာစောင့်ကြည့်သူတွေကလည်း တရုတ်ပြည်မကြီး ဘက်က လတ်တလော ဖိအားပေး ပြောင်းလဲနေမှုတွေ အပေါ် စိုးရိမ်နေကြပါတယ်။ သူတို့ စိုးရိမ်ကြတာတွေထဲမှာ ပြီးခဲ့တဲ့နှစ်ကစမိတ်ဆက်ခဲ့ပြီး အကြီးအကျယ် ဝေဖန်မှုတွေဖြစ်ခဲ့တဲ့ နိုင်ငံခြား အင်အားစုတွေနဲ့ ပူးပေါင်းရင် တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချနိုင်တဲ့ အမျိုးသားလုံခြုံရေး ဥပဒေပြောင်းလဲမှုနဲ့ လတ်တလောမှာ ပြဋ္ဌာန်းဖို့ကြိုးစားခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာဥပဒေသစ်တွေပါ ပါတယ်။
ဒီဥပဒေအပြောင်းအလဲ အမြန်ဖြစ်လာမယ်လို့လည်း တွက်ဆထားတယ်လို့ ပါမောက္ခလီက ပြောပါတယ်။
ဒါပေမဲ့ အဲ့ဒီဥပဒေတွေကို ဟောင်ကောင်ထဲကနေ လက်မခံဘဲ ပြင်းပြင်းထန်ထန် တုံ့ပြန်လာမှာကိုလည်း တရုတ်ခေါင်းဆောင်တွေဘက်က စိုးရိမ်မှုတွေရှိပါတယ်။
အံ့သြစရာကောင်းတဲ့အချက်ကလည်း ကန့်ကွက်ဆန္ဒပြတဲ့သူတွေကို ဟောင်ကောင်အစိုးရက ညှိနိုင်းဆွေးနွေးမှုတွေလုပ်နိုင်မယ်လို့ တရုတ်အစိုးရက ယုံကြည်ထားတာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၉ခုနှစ် ဒုတိယအကြိမ် ဆန္ဒပြပွဲတွေ အကြီးအကျယ်ဖြစ်ခဲ့တဲ့ အချိန်ကစလို့ ဟောင်ကောင်ထဲက အရပ်ဘက်အဖွဲ့အစည်းကွန်ရက်တွေ၊ ပညာရေးစနစ်တွေနဲ့ ဒီမိုကရေစီကိုယ်စားပြုမှုတွေကို ဖယ်ရှားပစ်ဖို့ တရုတ်ကွန်မြူနစ်ခေါင်းဆောင်ပိုင်းက ဆုံးဖြတ်ထားပါတယ်။
အဲ့ဒီကနေ နောက်၂နှစ်ကြာတော့ တရုတ်အစိုးရကို ဆန့်ကျင်ဘက်ပြောတာတွေတောင် တရား မဝင်သလိုဖြစ်လာပြီး အတိုက်ခံ နိုင်ငံရေးသမားတွေကိုလည်း ပါလီမန်ကဖယ်ထုတ်ပစ်ဖို့ အရေး ကလည်း လွယ်ကူသလိုဖြစ်လာပါတယ်။
"ဒီအခြေအနေကနေ နောက်ကြောင်းပြန်လှည့်တော့ မှာမဟုတ်ဘူး။ ပြီးတော့ အရွယ်ရောက်သူတိုင်းမဲပေးခွင့်ကလည်း ကွန်မြူနစ်ပါတီအစိုးရ တည်ငြိမ်မှုကို ခြိမ်းခြောက်တဲ့ အတားအဆီးတစ်ခုလိုဖြစ်လာတယ်။"လို့ ပါမောက္ခလီက ပြောပါတယ်။








