ပထမဆုံး ကေပေါ့အဖွဲ့ ဂရမ်မီဆု ဆန်ခါတင် စာရင်းမှာ BTS ဂီတအဖွဲ့ပါ

BTS၊ ကေပေါ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, BTS အဖွဲ့ဟာ ကမ္ဘာ့အကျော်ကြားဆုံး ကေပေါ့ဂီတအဖွဲ့တွေထဲက တစ်ခုဖြစ်

ကမ္ဘာတလွှား လူကြိုက်များ ရေပန်းစားနေတဲ့ BTS အဖွဲ့ ဟာ ဂရမ်မီ ဂီတဆုကို ပထမဆုံးအကြိမ် ဆန်ခါတင်အရွေးခံရတဲ့ ကေပေါ့ဂီတ အဖွဲ့ ဖြစ်လာပါပြီ။

လေဒီ ဂါဂါနဲ့ တေလာ ဆွစ်ဖ် တို့လို နာမည်ကြီး ပေါ့အဆိုတော်တွေရဲ့ သီချင်းတွေနဲ့ အပြိုင် အကောင်းဆုံး စုံတွဲ၊ အုပ်စု ဖျော်ဖြေမှုစာရင်းမှာ BTS အဖွဲ့ရဲ့ "Dynamite" ဒိုင်းနမိုက် သီချင်း ဆန်ခါတင် အရွေးခံခဲ့ရတာပါ။

ဆန်ခါတင်အမည်စာရင်း ကြေညာလိုက်ချိန်မှာ သူတို့အဖွဲ့သားတွေ အော်ဟစ်ခုန်ပေါက်ခဲ့ကြပုံ ဗီဒီယိုကို BTS အဖွဲ့က သူတို့ရဲ့ တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။

ဂရမ်မီဂီတဆုအတွက် အခုလို ဆန်ခါတင် အရွေးခံရဖို့အတွက် BTS အဖွဲ့က အဖွဲ့သက်တမ်း တစ်လျှောက်လုံး မျှော်လင့်စောင့်စားခဲ့ရတာလို့ ကေပေါ့ဂီတ ကျွမ်းကျင်သူ ဂျက်ဖ် ဘင်ဂျမင် က သူ့ရဲ့ တွစ်တာမှာ ရေးထားပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျင်းပမယ့် ဂရမ်မီ ဂီတဆုပေးပွဲညဟာ အသွင်မတူ လူမျိုးစုံ ပါဝင်တဲ့ အရေးပါတဲ့ အခိုက်အတန့်အဖြစ် မှတ်တမ်းတင် ကျန်ရစ်လိမ့်မယ်လို့ သူက ပြောပါတယ်။

အင်္ဂလိပ်ဘာသာနဲ့ ပထမဆုံးအကြိမ် ဆိုထားတဲ့ BTS အဖွဲ့ရဲ့ ဒိုင်းနမိုက် သီချင်းဟာ သြဂုတ်လတုန်းက ထွက်ခဲ့တာ ဖြစ်ပြီး ဘေလ်ဘုတ်စာရင်းမှာ နံပတ်တစ် ဖြစ်ခဲ့ပါတယ်။

ဂရမ်မီဂီတဆုအတွက် BTS အဖွဲ့ ဆန်ခါတင် အရွေးခံရတယ် ဆိုတဲ့ သတင်းကို လူမှုကွန်ရက်ပေါ်မှာ အကြီးအကျယ် ပြန်ဝေမျှနေကြပြီး BTS အဖွဲ့ ကောင်းကြောင်းတွေကို ဝိုင်းချီးကျုး ထောက်ခံ ပြောဆိုနေကြပါတယ်။

Skip X post, 1
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ဘီဘီစီပြင်ပ ဝက်ဆိုက်များမှ ဖော်ပြချက်များတွင် ကြော်ငြာများပါနိုင်ပါသည်။

End of X post, 1

Presentational white space

"BTS အဖွဲ့သားတွေရော၊ သူတို့ရဲ့ Army တစ်ခုလုံးအတွက်ပါ အရမ်းအရမ်းကို ပျော်မိပါတယ်"လို့ တွေ့ဆုံခန်းအစီအစဉ် တင်ဆက်သူ ဂျိမ်းစ် ကော်ဒန် က ပြောပါတယ်။ Army ဆိုတာက BTS အဖွဲ့ရဲ့ အမာခံ ပရိသတ်တွေ ဖွဲ့ထားတဲ့ ဖန်အဖွဲ့ရဲ့ အမည်ပါ။

BTS ရဲ့ အမာခံ ပရိသတ်တွေဆီကလည်း ချီးကျုး ထောမနာသံတွေ အပြည့် ထွက်ပေါ်လာပါတယ်။

"ကောင်လေးတွေအတွက် အရမ်းကို ဂုဏ်ယူပါတယ်။ လူငယ်တွေ အားကျလာစေမယ့် သူတို့ရဲ့ ဂီတ စီမံကိန်းတွေနဲ့ အမေရိကန်နိုင်ငံမှာ အောင်မြင်မှုရဖို့ အိပ်မက်ကို အခု သူတို့ အကောင်အထည် ဖော်နိုင်တော့မှာပါ" လို့ အမာခံ ပရိသတ်တစ်ဦးက ပြောပါတယ်။

နောက်တစ်ယောက်ကလည်း "မင်းတို့ရဲ့ အိပ်မက် နောက်ဆုံးမှာ အကောင်အထည် ပေါ်လာပါပြီ။ ကြည့်ပါအုံး။ ဘယ်လောက်အထိ ခရီးရောက်ခဲ့ပြီလဲ ဆိုတာ" လို့ ပြောပါတယ်။

Skip X post, 2
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ဘီဘီစီပြင်ပ ဝက်ဆိုက်များမှ ဖော်ပြချက်များတွင် ကြော်ငြာများပါနိုင်ပါသည်။

End of X post, 2

Presentational white space
Skip X post, 3

End of X post, 3

Presentational white space

ဂရမ်မီဆု ဆန်ခါတင် အမည်စာရင်း ကြေညာချိန်မှာ သူတို့အဖွဲ့သားတွေ ဆိုဖာပေါ်မှာ ခုန်ပေါက် အော်ဟစ်နေပုံ ဗီဒီယိုကို BTS အဖွဲ့က တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။

Skip X post, 4
X ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ဘီဘီစီပြင်ပ ဝက်ဆိုက်များမှ ဖော်ပြချက်များတွင် ကြော်ငြာများပါနိုင်ပါသည်။

End of X post, 4

Presentational white space

ဂရမ်မီဆု အရမ်းလိုချင်တယ် ဆိုတာကို BTS အဖွဲ့က ပွင့်ပွင့်လင်းလင်း ဖွင့်ပြောခဲ့ဖူးပါတယ်။ အစောပိုင်းက Esquire မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဂရမ်မီဆုက သူတို့ရဲ့ အမေရိကန် ဂီတခရီးကြောင်းတစ်ခုလုံးရဲ့ နောက်ဆုံးအပိုင်းပါ လို့ အဖွဲ့သား RM က ပြောခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ လက်ရှိ အကျော်ကြားဆုံး အမျိုးသားဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ BTS အဖွဲ့ဟာ American Music Awards နဲ့ Billboard Music Awards ဆုတွေကိုလည်း ဆွတ်ခူး ရထားခဲ့ပြီး ဖြစ်ပါတယ်။

တကယ်လို့ ဂရမ်မီဆုကြီးကိုသာ သူတို့ ဆွတ်ခူးခဲ့မယ် ဆိုရင် BTS အဖွဲ့ဟာ အမေရိကန်နိုင်ငံက ပေးတဲ့ အဓိက ဂီတဆုကြီး ၃ ခုစလုံးကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး တောင်ကိုရီးယား ဂီတအဖွဲ့ ဖြစ်လာလိမ့်မယ်လို့ ယွန်နက် ကိုရီးယား သတင်းဌာနက ဆိုပါတယ်။

သူတို့ရဲ့ တေးသီချင်း အယ်လ်ဘမ် တစ်ခု ဖြစ်တဲ့ Love Yourself: Tear အယ်လ်ဘမ်ရဲ့ အသံသွင်းထုတ်လုပ်သူဟာလည်း မနှစ်က အကောင်းဆုံး အသံသွင်း ဂရမ်မီဆု ဆန်ခါတင်စာရင်းမှာ ပါခဲ့ပါတယ်။

BTS အမျိုးသားဂီတအဖွဲ့ဟာ တောင်ကိုရီးယားနိုင်ငံထဲတင်မက ပြည်ပနိုင်ငံတွေမှာပါ နာမည်ကျော်ကြား လူကြိုက်များလာနေရာမှာ လတ်တလောနှစ်ပိုင်းတွေအတွင်း BTS အဖွဲ့ကို အရူးအမူး စွဲလန်းသူတွေ ကမ္ဘာတစ်ဝန်း ပျံ့နှံ့ခဲ့ပါတယ်။