သဘောတူချက်မရတဲ့ ဘရက်ဇစ်က ကာကွယ်တဲ့ ဥပဒေ ဗြိတိသျှ အောက်လွှတ်တော်အတည်ပြု

uk

ဓာတ်ပုံ ရင်းမြစ်, JESSICA TAYLOR

ဓာတ်ပုံ ပုံစာ, ညမိုးချုပ်တဲ့အထိ မဲခွဲရ

နောက်လကုန်မှာ ဥရောပ သမဂ္ဂကနေ ဗြိတိန် ဘာသဘောတူချက်မှ မရဘဲ ထွက်ရမယ့် အဖြစ်ကနေ ကာကွယ်ဖို့ ဗြိတိသျှ အောက်လွှတ်တော်က ဥပဒေတရပ် အတည်ပြု ပေးလိုက်ပါတယ်။

အခု ဒီဥပဒေကို အထက်လွှတ်တော် တင်သွင်းဖို့ ရှိပါတယ်။

ဒါဟာ ဘောရစ်ဂျွန်ဆင် အစိုးရ အတွက် ပါလီမန်မှာ ဒုတိယအကြိမ် အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

အတိုက်အခံပါတီတွေနဲ့ ကွန်ဆာဗေးတစ်ထဲက သူပုန် အမတ်တွေက ဒီဥပဒေကို နောက်တပတ် ပါလီမန် မရပ်ဆိုင်းခင်မှာ အတည်ဖြစ်စေချင်တာပါ။

မစ္စတာ ဂျွန်ဆင်ကတော့ ဒီဥပဒေကို အရှုံးပေးတဲ့ ဥပဒေဆိုပြီး ရှုတ်ချခဲ့ပါတယ်။

ဒါကို တုံ့ပြန်တဲ့ အနေနဲ့ အောက်တိုဘာ ၁၅ ရက်မှာ အထွေထွေ ရွေးကောက်ပွဲကြီး လုပ်ဖို့ အဆိုကို မစ္စတာ ဂျွန်ဆင် တင်သွင်းခဲ့ပါတယ်။

အဲဒီမှာလည်း လိုအပ်တဲ့ အမတ် ၃ ပုံ ၂ ပုံ ထောက်ခံမှုကို မရတဲ့အတွက် ဝန်ကြီးချုပ် ဂျွန်ဆင် ရှုံးနိမ့်သွားခဲ့ပြန်ပါတယ်။

uk

ဓာတ်ပုံ ရင်းမြစ်, JESSICA TAYLOR / UK PARLIAMENT / HANDOUT

ဓာတ်ပုံ ပုံစာ, ဝန်ကြီးချုပ် ဂျွန်ဆင် အရေးနိမ့်

ဒီလို အီးယူက ဗြိတိန် ထွက်ခွာရေးနဲ့ ပတ်သက်ပြီး လန်ဒန်ဘက်နဲ့ ညှိနှိုင်းနေတာတွေက အရုပ်ကြိုးပြတ် အခြေအနေမျိုး ရှိတယ်ဆိုပြီး အီးယူဘက်က ဗြိတိန် ခွဲခွာရေး ညှိနှိုင်းရေးမှူး မီရှဲ ဘာနီယေက ဥရောပ သံတမန်တွေကို ပြောတယ် လို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ် ကျော်က ခဲရာခဲဆစ် ညှိထားခဲ့ရတဲ့ သဘောတူညီမှု အချက်တွေကို ပြန်ရေးရာမှာ အောင်မြင်မှုတွေ ရနေတယ် ဆိုတဲ့ ဗြိတိသျှ အစိုးရရဲ့ ပြောဆိုချက်တွေနဲ့ ဒီထုတ်ပြန်ချက်က တခြားစီ ဖြစ်နေပါတယ်။

uk

ဓာတ်ပုံ ရင်းမြစ်, FACUNDO ARRIZABALAGA