ဒီမီဒီယာကို ဖွင့်၍မရပါ
ဘီဘီစီ ပြောင်းရွှေ့မဲ့ ရုံးသစ်ကြီး အကြောင်းဗီဒီယိုပြကွက်တွေကို ကြည့်ရှု နိုင်ပါတယ်။
ဘီဘီစီ မြန်မာပိုင်း အစီအစဉ် အပါအ၀င် BBC World Service (ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ်) ဟာ မတ်လဆန်းက စပြီး ရုံးအသစ်ကြီးဆီကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
ကမ္ဘာတ၀န်းကို အခုလက်ရှိ သတင်းတွေ ထုတ်လွှင့် ပေးနေတဲ့ Bush House အဆောက်အအုံကနေ လန်ဒန်မြို့လယ် Oxford Circus အနီးက Broadcasting House ဆီကို ပြောင်းရွှေ့မှာ ဖြစ်ပါတယ်။
ရုံးသစ်အဆောက်အအုံကြီးအတွင်းမှာ တီဗီ၊ ရေဒီယို၊ အွန်လိုင်း စတဲ့ မီဒီယာတွေ ပေါ်ကနေ ဘီဘီစီရဲ့ ကမ္ဘာ့သတင်းဆိုင်ရာ အစီအစဉ်တွေ၊ ဗြိတိန်နိုင်ငံတွင်း ထုတ်လွှင့်နေတဲ့ အစီအစဉ်တွေ အားလုံး တနေရာတည်းကနေ စုပေါင်းပြီး ခေတ်မီနည်းပညာတွေ သုံးပြီး ထုတ်လွှင့် တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။
ဘီဘီစီ မြန်မာပိုင်းကလည်း ရုံးသစ်ပြောင်းရွှေ့တဲ့ အထိမ်းအမှတ် အနေနဲ့ အဲဒီ ပြောင်းရွှေ့မယ့်နေ့ မတ်လ ၁၁ ရက်နေ့ ညပိုင်းအသံလွှင့်အစီအစဉ်မှာ အထူးအစီအစဉ်တခုအဖြစ် ဘီဘီစီ ပရိတ်သတ်တွေအနေနဲ့ ဒီရုံးသစ်ကြီးအကြောင်း သိလိုတာ ရှိရင် ဖုန်းနဲ့ တိုက်ရိုက် ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ ဖုန်းနဲ့ တိုက်ရိုက် မမေးမြန်းနိုင်သူတွေ အနေနဲ့လည်း ဒီရုံးသစ်ကြီးနဲ့ ပတ်သက်ပြီး အီးမေးလ် burmese @ bbc.co.uk/bbcburmese@gmail.com ဆီကို ဖြစ်စေ၊ BBC Burmese Facebook က ဖြစ်စေ၊ ဖုန်းနဲ့ဆိုရင် +44 207 55 71764 ဆီကိုဖြစ်စေ ကြိုတင်ပြီး မေးခွန်းတွေ ပို့ထားလို့လည်း ရပါတယ်။
မတ်လ ၁၁ ရက် ညပိုင်းအစီအစဉ်မှာ ထုတ်လွှင့်ပေး မှာ ဖြစ်ပါတယ်။

BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ
ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။