ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
NCA အပေါ် KNLA သဘောထား
မြန်မာနိုင်ငံမှာ သက်တမ်းအရင့်ဆုံး တိုင်းရင်းသားအဖွဲ့ကြီး တစ်ခု ဖြစ်တဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ဟာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် (NCA) မှာ လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့ တစ်ခုပါ။ ဒါပေမယ့် အခုလတ်တလောမှာတော့ တရားဝင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ယာယီ ရပ်ဆိုင်းထားပါတယ်။ လက်ရှိသွားနေတဲ့ အပစ်ခတ်ရပ်စဲရေး NCA လမ်းကြောင်း အပေါ် KNU ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က ဘယ်လို သဘောထား ရှိသလဲ ဆိုတာကို KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီကို ဘီဘီစီ အကြီးတန်း သတင်းထောက် ကိုငြိမ်းချမ်းအေးက KNU ဌာနချုပ် နယ်မြေမှာ သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။