ကရင့်တော်လှန်ရေး နှစ် ၇၀ ပြည့် အလွန် ငြိမ်းချမ်းရေး အလားအလာ

မြန်မာနိုင်ငံမှာ သက်တမ်းအရင့်ဆုံး တိုင်းရင်းသားအဖွဲ့ကြီး တစ်ခု ဖြစ်သလို လက်ရှိမှာ အပစ်ခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုထားတဲ့ ကရင့်အမျိုးသား အစည်းအရုံး (KNU) ရဲ့ တော်လှန်ရေး နှစ် ၇၀ ပြည့် နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့က KNU ရဲ့ ဗဟို ဌာနချုပ် နယ်မြေ ကလိုယောလေးမှာ ကျင်းပခဲ့ကြပါတယ်။

ဒီနှစ်ပတ်လည် အခမ်းအနားမှာ KNU ဥက္ကဋ္ဌ (ဗိုလ်ချုပ်ကြီး) မူတူးဆေးဖောက NCA စာချုပ်ပါ သဘောတူညီချက်တွေနဲ့ အညီ တွေ့ဆုံ ဆွေးနွေးရေးက တဆင့် နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းပြီး လွတ်လပ်မှု၊ တန်းတူ ရည်တူမှု ရှိအောင် အကောင်အထည် ဖော်ဆောင်ရွက် သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

ကရင့် လက်နက်ကိုင် တော်လှန်ရေး နဲ့ ငြိမ်းချမ်းရေး အလားအလာကို ကရင် ဌာနချုပ် နယ်မြေကို ရောက်ရှိနေတဲ့ ဘီဘီစီ အကြီးတန်း သတင်းထောက် ကိုငြိမ်းချမ်းအေးက ပြောပြမှာပါ။