ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျူဂျစ်ဆုနည်းပြဆရာရဲ့ အောင်လပွဲ သုံးသပ်ချက်
ဖေဖော်ဝါရီ ၂၃ ရက်နေ့ကျရင် ရန်ကုန်က သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံထဲမှာ မြန်မာစပါးအုံးမြွေ အောင်လအန်ဆန်နဲ့ ဘရာဇီးက မချာဒို တို့ Light Heavyweight တန်းအဖြစ် အမ်အမ်အေ သိုင်းပေါင်းစုံ ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲ ထိုးသတ်တော့မှာပါ။
အဲဒီပွဲမှာ ပြိုင်ဘက်က ဂျူဂျစ်ဆု ခါးပတ်နက် အဆင့် ရှိသူ ဖြစ်လို့ အောင်လအန်ဆန် အနေနဲ့ သူ့ရဲ့ နာမည်ကျော် စပါးအုံးမြွေ အချုပ် အနှောင် တိုက်ကွက် Ground Fighting နည်းစနစ် သုံးပြီး ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ သူ့ ရဲ့ ပွဲကြို ဘီဘီစီ အင်တာဗျူးမှာ ပြောထားခဲ့ပါတယ်။
သောကြာည မှာ ယှဉ်ပြိုင်မယ့်သူ ၂ ဦးလုံးက ဂျူဂျစ်ဆု ကျွမ်းကျင်ကြသူတွေ ဖြစ်လို့ ဒီပွဲအနေအထား ဘယ်လို ရှိနိုင်သလဲ ဆိုတာကို မြန်မာပြည်က ဂျူဂျစ်ဆု နည်းပြဆရာ ဦးကျော်ဇင်ဝင်း (Musashi House of Martial Arts) က အခုလို သုံးသပ်ပါတယ်။
ဦးကျော်ဇင်ဝင်းက ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ Shorinji Kempo (ရှိုရင်းဂျိ ကမ်ပို) ကိုယ်ခံပညာ ပြိုင်ပွဲမှာလည်း နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့သူ တယောက် ဖြစ်ပါတယ်။