ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကမ္ဘာ့ချန်ပီယံ အောင်လ ဘရာဇီး ဂျူဂျစ်ဆု သမားကို ဘယ်လို ထိုးမလဲ
One Championshiop ရဲ့ မစ်ဒယ်လ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နဲ့ ဟဲဗီးဝိတ်တန်း ဘရာဇီး ဂျူဂျစ်ဆုချန်ပီယံ ဘရာဇီးနိုင်ငံသား မချာဒိုတို့ဟာ လာမယ့် သောကြာနေ့ ဖေဖော်ဝါရီ ၂၃ မှာ ရန်ကုန် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းမှာ
လိုက်ဟဲဗီးဝိတ်တန်း ရွှေခါးပတ်လုပွဲကြီးအတွက် ယှဉ်ပြိုင်ထိုးသတ်ကြဖို့ ရှိပါတယ်။
အဖမ်းအချုပ်တော်တဲ့ ဂျူဂျစ်ဆုသမား မချာဒိုကို အောင်လက ဘယ်လို ယှဉ်ပြိုင်ကစားဖို့ ရှိလဲဆိုတာ ဘီဘီစီသတင်းထောက် ကိုငြိမ်းချမ်းအေးက အောင်လကို သီးသန့်တွေ့ဆုံ မေးကြည့်ထားပါတယ်။