လွတ်လပ်အတွေးဆွေးနွေးဖလှယ်
နားဆင်နိုင်ပါပြီ။ သတင်းမီးဒီယာ ခြိမ်းခြောက်ခံ နေရပြီလား
မှန်တယ်ထင်လို့ သူ့အလုပ်ကို သူလုပ်သွားတာ မတရားခံရတယ်လို့ပဲ ထင်တယ်…… (မဝါလေး - ဖမ်းဆီးခံ ရိုက်တာ သထင်းထောက် ကိုကျော်စိုးဦးရဲ့ ညီမ)
ဒေါ်ငုဝါ ကတော့ ခြိမ်းခြောက်တဲ့ သဘောမျိုး မဟုတ်သေးပါဘူးတဲ့ တရားရင်ဆိုင်ပြီး အမိန့်ချမှတ်တဲ့ အချိန်မှာသာ အဲဒါကို ကြည့်ပြီး ပြောမယ်လို့ ပြောပါတယ်။
''ဒါနဲ့ ပတ်သက်ရင် လာမထိနဲ့ ဆိုတဲ့ မက်ဆိတ် ပေးချင်ပုံရတယ်''- ကိုစိန်ဝင်း
''မပေးဘဲ နေလို့ရတဲ့ အချက်တွေ ရှိတယ်…နိုင်ငံတော်လုံခြုံရေးလိုဟာမျိုး'' ဦးရဲထွဋ်
သောတရှင်တို့ရော ဘယ်လို မြင်ပါလဲ…သဘောထား မှတ်ချက်တွေကို ကြိုဆိုပါတယ်။
ရိုက်တာ သတင်း ဌာနရဲ့ မြန်မာ သတင်းထောက် ၂ ယောက်ကို အစိုးရ လျို့ဝှက် ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ ဖမ်းဆီးခဲ့ရတာနဲ့ ပတ်သက်ပြီး… သတင်း မီဒီယာ လွတ်လပ်ခွင့် အပေါ် ခြိမ်းခြောက်မှုတွေ ရှိနေပြီလား ဆိုတာ သောတရှင်တို့ ကိုယ်တိုင် ပါဝင် ဆွေးနွေးခဲ့ကြ တာပါ။
အားလုံးကို အထူးကျေးဇူးတင်ပါတယ်။
#လွတ်လပ်အတွေး
#ဘီဘီစီမြန်မာပိုင်း