လွတ်လပ်အတွေးဆွေးနွေးဖလှယ်
နားဆင်နိုင်ပါပြီ။ လူ့အခွင့်အရေး အကြောင်းဆွေးနွေးခဲ့
လူ့ အခွင့် အရေး အကြောင်း နားမလည် ကြတဲ့ အပြင်၊ လူတွေကြားမှာ ကို လူ့အခွင့် အရေး ချိုးဖေါက် တာတွေ ရှိနေတယ်လို့ သောတရှင် တဦးက ပြောပါတယ်။
အီးမေးလ်နဲ့ ဆက်သွယ် ဆွေးနွေး သူကတော့ လူ့ အခွင့်ရေး ဆိုတဲ့ အသုံးနှုန်းက မြန်မာ နိုင်ငံ အတွက် အရမ်းကို အလှမ်းဝေး နေပါသေးတယ် လို့ ထင်မိပါတယ်တဲ့
ကိုယ့်အနေနဲ့ ရော ဘယ်လို မြင်ပါလဲ။ သဘောထား အမြင်တွေကို ဖိတ်ခေါ်ပါတယ်။
ဦးဆောင်ဆွေးနွေးသူတွေ ကရော ဒီအပေါ်မှာ ဘယ်လို မှတ်ချက်ပြု ဆွေးနွေးခဲ့ပါလဲ။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကောင်စီ အဖွဲ့ဝင် ဦးယုလွင်အောင် နဲ့ ညီမျှခြင်း မြန်မာ ဒါရိုက်တာ ဦးအောင်မျိုးမင်း တို့က ဦးဆောင် ဆွေးနွေး ခဲ့ကြတာ ဖြစ်ပါတယ်။
လူသားတွေရဲ့ အခြေခံ အခွင့်အရေး တွေကို အာမခံတဲ့ အချက်ပေါင်း ၃၀ ပါ လူ့အခွင့် အရေး ကြေညာ စာတမ်းကို ကုလသမဂ္ဂမှာ အတည်ပြု ခဲ့ပြီးနောက် နိုင်ငံ တကာ လူ့အခွင့် အရေး နေ့ အဖြစ် သတ်မှတ် ကျင်းပ လာတာ အခု ဒီဇင်ဘာ ၁၀ ရက် နေ့မှာ ၆၉ နှစ်တိုင်ခဲ့ပါပြီ။
မြန်မာ နိုင်ငံမှာ အများပြည်သူအကြား ဘယ်လောက် အထိ နားလည် သဘောပေါက် ကြပါလဲ။ ပြည်သူတွေ အနေနဲ့ ဘယ်လို ကိစ္စရပ်တွေမှာ လူ့အခွင့် အရေး ဆုံးရှုံး မှု ကြုံတွေ့ နေရတယ်လို့ ယူဆပါ သလဲ ဆိုတဲ့ အပိုင်းတွေမှာ သောတရှင်တို့ ကိုယ်တိုင် ကိုယ်ကျ ပါဝင် ဆွေးနွေးခဲ့ကြတာပါ။
ကိုသက်ထွေးနိုင် စီစဉ် တင်ဆက် ထားပါတယ်။