ကူးလ်တက် - RIT ( သို့ ) YTU အဆင့်မြင့် ဆော့ဝဲလ်

အသံဖိုင် ပုံစာ, cooltech

နားဆင်နိုင်ပါပြီ။

RIT (သို့)YTU အဆင့်မြင့် ဆော့ဝဲလ် ဆိုတာဘာလဲ....အင်ဂျင်နီယာတွေ အတွက် ဘယ်လောက် အသုံးဝင်ပြီး...... အဆောက်အဦးကြီးတွေ တည်ဆောက်ရေး မှာ ဘယ်လောက်အရေးပါလဲ ဆိုတဲ့ ပရိုဂရမ် တခုအကြောင်း ဖြစ်ပါတယ်။

ရန်ကုန်စက်မှုတက္ကသိုလ် RIT လို့ တချိန်က လူသိ များတဲ့ အခု အခါမှာတော့ ရန်ကုန် နည်းပညာ တကသိုလ် YTU မှာ စင်ကာပူ ကယ်ရီယာ ကုမ္ပဏီ ကနေ စက်မှုအင်ဂျင်နီယာ ကျောင်းသားတွေ အတွက် အဲကွန်း နည်းပညာနဲ့ ပတ်သက်တဲ့ အဆင့်မြင့် အင်ဂျင်နီယာ ဆော့ဝဲလ် တခုကို လှူဒါန်းခဲ့ပါတယ်။

ဒါကတော့ ခေတ်မီ အထပ်မြင့် အဆောက် အဦးတွေ ဟိုတယ်ကြီးတွေမှာ အပူအအေး မျှတအောင် နည်းပညာ နဲ့ ဘယ်လို ကောင်းမွန်ဆောင်ရွက်ပေးနိုင်နေပြီလဲ ဆိုတဲ့ အကြောင်း ဖြစ်ပါတယ်။

ရန်ကုန် နည်းပညာ တက္ကသိုလ် စက်မှုအင်ဂျင်နီယာ ဌာနမှူး ဒေါက်တာ မိစန္ဒာမွန် နဲ့ စက်မှု အင်ဂျင်နီယာ ကိုမြင့်ဦး တို့က ရှင်းပြ ပေးပြီး ကိုသက်ထွေးနိုင် စီစဉ် တင်ဆက် ထားပါတယ်။

#ကူးလ်တက်

#ဘီဘီစီမြန်မာပိုင်း