ကူးလ်တက် - iPhoneX အနာဂတ် ပြတင်း

အသံဖိုင် ပုံစာ, ကူးလ်တက်

နားဆင်နိုင်ပါပြီ။

ကမ္ဘာ့ လူမှု အသိုင်း အဝိုင်း နဲ့ မိုလ်ဘိုင်း လောကကို တခေတ်ပြောင်း တိုးတက်စေ ခဲ့တဲ့ အိုင်းဖုန်းရဲ့ ၁၀ နှစ်ပြည့် ပစ္စည်း အသစ်တွေ အကြောင်း တက်ဆက် ပေးထားပါတယ်။

ပစ္စည်းသစ်တွေ ထဲမှာတော့ Apple Watch ဆိုတဲ့ အက်ပဲလ် လက်ပတ် နာရီ ဆီးရီး ၃၊ အက်ပဲလ် တီဗီ ၊ အိုင်းဖုန်း ၈ အမျိုး အစားနဲ့ အက်ပဲလ် ပရိသတ်တွေ အားလုံး မျော်လင့် စောင့်စား နေကြတဲ့ အိုင်းဖုန်း ၁၀ နှစ်ပြည့် အထိမ်း အမှတ် ထုတ် အိုင်းဖုန်း X အမျိုးအစား တို့ပဲ ဖြစ်ပါတယ်။

အရင်ဖုန်းတွေ ထက် ၇၀ ရာခိုင်နှုန်း ပိုမြန်တယ် ဆိုတော့ အနာဂတ် မိုလ်ဘိုင်း စာမျက်နှာ သစ် ဖွင့်လှစ် လိုက်တာ လား။

ကိုသက်ထွေးနိုင် စီစဉ် တင်ဆက်ထား ပါတယ်။