ကူးလ်တက် - ဘိုးဘွား ပြုစု နည်းပညာ
ဘိုးဘွားပြုစု နည်းပညာ - နားဆင်နိုင်ပြီ။
ယနေ့ခေတ် အဘိုး အဘွား တွေကို ကူညီ စောင့်ရှောက်ရေး အထိ နည်းပညာ အရ ဘယ်လောက် အောင်မြင်အောင် ဆောင်ရွက် ပေးနိုင် နေပြီလည်း ဆိုတာ တင်ဆက် ပေးထား ပါတယ်။
သက်ကြီးရွယ်အို လူဦးရေးဟာ များပြား လာနေတဲ့ အခုခေတ်မှာ ဂျပန်မှာ ဆိုရင် အသက် ၆၀ အထက် ၂၀ ရာခိုင်နှုန်း ရှိပြီး ဗြိတိန်မှာ ဆို လာမယ့် ၂၀၄၅ ခုနှစ် ဆိုရင် လူဦးရေ လေးပုံ တပုံဟာ အသက် ၆၅ နှစ်အထက် အရွယ် ဖြစ်ကြမှာပါ။
မြန်မာ နိုင်ငံမှာလည်း အသက် ၆၀ နဲ့ အထက် သက်ကြီးရွယ်အို ၈ ဒသမ ၉ ရာခိုင်နှုန်း ရှိနေပြီး၊ ၂၀၅၀ လောက် ကျရင် ၂၀ ဒသမ ၂ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထား ပါတယ်။
သက်ကြီးရွယ်အို ပြုစု စောင့်ရှောက်ရေး အတွက် ဖိအားတွေ တိုးများ လာနေတာ ဖြစ်ပါတယ်။ ဒီကိစ္စ ကိုဖြေရှင်း နိုင်မယ့် နည်းပညာ တခု အကြောင်း နားဆင်ကြည့်ပါ။
ကိုသက်ထွေးနိုင် စီစဉ် တင်ဆက် ပေးထား ပါတယ်။
#ကူးလ်တက်
#ဘီဘီစီမြန်မာပိုင်း