ဂျပန်ဖိုက်တာ တာခဲရု မြန်မာမှာ ကျောင်းဆောင်သစ်လှူဒါန်း
One Championship ရဲ့ Flyweight ဝိတ်တန်း ချန်ပီယံ တာခဲရုဟာ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာ စာသင်ကျောင်းလာရောက်လှူဒါန်းခဲ့ပါတယ်။
တာခဲရုဟာ ၂၀၂၅ ခုနှစ်တုန်းက တောင်ကြီးမြို့မှာရှိတဲ့ ရွှေတောင်တန်းပရဟိတစာသင်ကျောင်း အတွက် စာသင်ကျောင်းဆောင်သစ်လှူဒါန်းခဲ့ပါတယ်။
အဲဒီကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၈ ရက်နေ့မှာ ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားကို တာခဲရုကိုယ်တိုင် တက်ရောက်လာခဲ့တာပါ။
တာခဲရုဟာ အဲဒီစာသင်ကျောင်းမှာ မြန်မာလူငယ်တွေ နဲ့ တွေ့ဆုံပြီး ဘောက်ဆင်လေ့ကျင့်မှုတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်။
တာခဲရုဟာ ၂၀၂၆ ခုနှစ်၊ ဧပြီလတုန်းက ဂျပန်နိုင်ငံမှာကျင်းပတဲ့ One Samurai 1 ပြိုင်ပွဲမှာ Flyweight မွေထိုင်းချန်ပီယံ ရော့ထန် နဲ့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပါတယ်။
အဲဒီပွဲမှာ တာခဲရု က ရော့ထန်ကို အနိုင်ယူပြီး ချန်ပီယံခါးပတ်နဲ့ သူ့ရဲ့ ဖိုက်တာဘဝကို အသက် ၃၄ နှစ်မှာ အနားယူခဲ့တာပါ။
ပွဲအပြီးမှာတော့ တာခဲရုဟာ မြန်မာ့စပါးအုံ အောင်လအန်ဆန်းလိုမျိုးပဲ One Championship ရဲ့ ‘Hall Of Fame’ စာရင်းထဲမှာ ထည့်သွင်းခံခဲ့ရပါတယ်။
ဒီမတိုင်ခင်က မြန်မာဖိုက်တာ သန့်ဇင် နဲ့ တာခဲရုတို့ ထိုးသတ်ခဲ့ကြပြီး တာခဲရုက သန့်ဇင်ကို ဒုတိယအချီမှာ အလဲထိုးပြီး အနိုင်ရခဲ့တာပါ။
အဲဒီနောက်မှာတော့ တာခဲရုဟာ မြန်မာနိုင်ငံကို ရောက်လာပြီး စာသင်ကျောင်းဆောင်အသစ် လာလှူခဲ့တာဖြစ်ပါတယ်။