စာသင်ကျောင်းတွေ အားလုံး နဲ့ အလုပ်အတော် များများ က နောက် တပတ် က စပြီး တစ်လကြာ ပိတ်ထားမယ်လို့ ဝန်ကြီးချုပ် လီရှန်လွန်း က ကြေညာပါတယ်။
စူပါမားကတ် တွေ၊ ဆေးရုံ ဆေးခန်းတွေ နဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ဘဏ်လုပ်ငန်း စတဲ့ လုပ်ငန်းတွေသာ ဖွင့်ခွင့်ရှိပြီး တခြားလုပ်ငန်းတွေ အားလုံး ပိတ်ဖို့ ညွှန်ကြား ထားပါတယ်။
တတ်နိုင်သမျှ မျက်နှာဖုံးတပ်ဆင် ကြဖို့ကိုလည်း စင်္ကာပူ အစိုးရ က ပြောင်းလဲ ညွှန်ကြား လိုက်ပြီး အိမ်တွေကို မျက်နှာဖုံးဝေငှ ပေးမှုတွေလည်း လုပ်သွား မယ်လို့ ဆိုပါတယ်။
စင်္ကာပူမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရသူ ၁၀၄၉ ဦးရှိပြီး၊ သေဆုံးသူ ၅ ယောက်ရှိခဲ့တာပါ။ ဈေးတွေ၊ လူသုံးကုန် ပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာလည်း အကွာအဝေး တခု ခွဲခြား နေကြဖို့ ဆိုတဲ့ ညွှန်ကြားချက်တွေလည်း ထုတ်ထားပါတယ်။
ဗိုင်းရပ်စ် ကူးစက်မှု လျော့နည်း သွားပြီ ဆိုပေမယ့် နိုင်ငံရပ်ခြား က ပြန်လာတဲ့ လူတွေမှာ ဗိုင်းရပ်စ် ပိုး စစ်ဆေး တွေ့ရှိခဲ့ရပြီး ကူးစက်မှု တွေ ပြန်လည် ပျံ့နှံ့လာမှာ ကို စိုးရိမ်လို့ အခုလို ညွှန်ကြားချက်တွေ ထုတ်ပြန်တာလည်း ဖြစ်ပါတယ်