ကိုရိုနာ ဗိုင်းရပ်စ် သတင်းများ တင်ဆက်မှု - ဧပြီ ၃ ရက်

မြန်မာ နဲ့ ကမ္ဘာ တစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် သတင်းများ တင်ဆက်မှု

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဒီကနေ့ အတွက် တိုက်ရိုက် တင်ဆက်မှု တွေကို ရပ်နားခွင့်ပြုပါ။

    • ဒီကနေ့ ဘီဘီစီ မြန်မာပိုင်း ရဲ့ ကိုရိုနာ ဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ သတင်းတွေ တိုက်ရိုက် တင်ဆက် နေမှုကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။
    • လာရောက် ဖတ်ရှုကြတဲ့ ဘီဘီစီ ပရိသတ်တွေ အားလုံးကို ကျေးဇူး တင်ပါတယ်။
  2. ဥရောပမှာ ဘာတွေ ဖြစ်ခဲ့လဲ။, သေဆုံးသူနှုန်းတွေက လျော့တယ်မရှိပါ။

    အီတလီမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ၇၆၆ ဦး သေဆုံးခဲ့လို့ အခုဆို သေဆုံးသူ ၁၄၆၈၁ ရှိပါပြီ။ တစ်နေ့တာအတွင်း ကူးစက်သူ နောက်ထပ် ၂၃၃၉ ဦး တွေ့ခဲ့ရပါတယ်။

    စပိန်မှာ ဒုတိယနေ့ ဆက်တိုက်အဖြစ် လူ ၉၀၀ ကျော်သေဆုံးခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှု စတင်ချိန်က အခုအထိ ၁၀၉၃၅ ဦး အသက်ဆုံးခဲ့ပါပြီ။ စုစုပေါင်း ကူးစက်ခံရသူ ၁၁၇၇၁၀ ရှိခဲ့ပြီး အီတလီထက် လူ ၂၀၀၀ လောက် နည်းပါတယ်။

    ပြင်သစ်မှာ သက်ကြီးရွယ်အိုစောင့်ရှောက်မှု ဂေဟာတွေက လူပေါင်း ၈၈၄ ယောက် သေဆုံးခဲ့တယ်လို့ အစိုးရက ကြေညာပါတယ်။

    ဂျာမနီမှာ တိုင်းပြည်တွင်း ဝင်ထွက်မှုတွေ ပိတ်ထားပေမယ့် ရာသီချိန်သီးနှံခူးဖို့ ပြည်ပက လုပ်သား လေးသောင်းကို ဝင်ခွင့်ပြုမယ်လို့ အစိုးရကပြောပါတယ်။

    နော်ဝေမှာတော့ အလုပ်အကိုင်မဲ့သူ ရာခိုင်နှုန်းဟာ စံချိန်တင် ၁၄.၇ရာခိုင်နှုန်းအထိရှိသွားပါတယ်။ဆလိုဗေးကီးယားမှာ ရိုးမား ဂျစ်ပစီလူမျိုးတွေကို ဗိုင်းရပ်စ်ပိုး စစ်ဆေးဖို့ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားမယ်လို့ ဆိုပါတယ်။ ရိုးမားလူမျိုး ၁၅၀၀ လောက် သိပ်မကြာခင်ကပဲ နိုင်ငံခြားတိုင်းပြည်တွေက ပြန်လာကြတဲ့ အတွက်လို့ ဆိုပါတယ်။

    အီတလီက သက်ကြီးရွယ်အိုဂေဟာတစ်ခု

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, သက်ကြီးရွယ်အို ဂေဟာတွေမှာ စောင့်ရှောက်မှုတွေ တိုးလုပ်ပေးနေ
  3. ရန်ကုန်မှာ သင်္ကြန်ရုံးပိတ်ရက်တွေ အပြင်မထွက်ဖို့ ကန့်သတ်မယ်

    ရန်ကုန်တိုင်းမှာ ကိုဗစ်-၁၉ ကုသထိန်းချုပ်ရေးနဲ့ပတ်သက်တာတွေမှာ ပါဝင်ဆောင်ရွက်နေသူတွေကလွဲလို့ ကျန်သူတွေ သင်္ကြန်ရုံးပိတ်ရက် ဧပြီ ၁၀ ရက်ကနေ ၁၉ ရက်အထိ နေအိမ်မှာပဲနေထိုင် အသွားအလာကန့်သတ်မှာဖြစ်လို့ ပြည်သူတွေ ပူးပေါင်းပါဝင်ရေး ဆောင်ရွက်ဖို့ ရန်ကုန်တိုင်းအစိုးရက စီစဥ်နေပါတယ်။

    အဲဒီကာလတွေမှာ ကျန်းမာရေးနဲ့ အစားအသောက်ဝယ်ယူရေးကိစ္စကလွဲလို့ အသွားအလာကန့်သတ်မှာ ဖြစ်ပါတယ်။

  4. မန္တလေးမှာ အသွားအလာ ထပ်မံ တင်းကြပ်မယ်

    မြန်မာနိုင်ငံအတွင်း ကူးစက်မှု local transmission ကို အထူး ဂရုစိုက်ဖို့ လိုအပ်လာလို့ မန္တလေးမှာ အသွားအလာ ထပ်မံ တင်းကြပ်မယ်လို့ မြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြောပါတယ်။

    ဧပြီ ၇ ရက် အင်္ဂါနေ့က စပြီး ခရီးသည်ပို့ဆောင်ရေးလုပ်ငန်း ကိုနှစ်ပတ် ရပ်နားမယ်လို့ ပြောပါတယ်။

    စားသောက်ကုန် နဲ့ ဆေးဝါးမပြတ်လပ်ဖို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းကိုတော့ ဆက်လက်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် မရှိမဖြစ်လိုအပ်တဲ့ စားသောက်ကုန်နဲ့ဆေး၊ ဆေးပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးတဲ့ လုပ်ငန်းနဲ့ စက်ရုံတွေကလွဲပြီး ကျန်လုပ်ငန်းတွေကိုလည်း ဧပြီ ၇ နေ့ကစပြီး ပိတ်ခိုင်းမယ်လို့ ပြောပါတယ်။

  5. မြန်မာမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် မတွေ့ရ

    ဒီနေ့ ဧပြီလ ၃ ရက် စစ်ဆေးမှုအရ ဆေးရုံနဲ့အိမ်တွေမှာ အသွားအလာ ကန့်သတ် စောင့်ကြည့်ခံရသူ ၅၅ ဦးမှာ ကိုဗစ်-၁၉ရောဂါပိုးကူးစက်ခံရသူမရှိဘူးလို့ အစိုးရက ထုတ်ပြန်ပါတယ်။

    ဒီနေ့အထိ စာရင်းတွေအရ ကိုဗစ်-၁၉ရောဂါပိုးကူးစက်သူ ၂၀ ဦးရှိပြီး တစ်ဦးသေဆုံးခဲ့ပါတယ်။

  6. အရှေ့အလယ်ပိုင်းက ဗိုင်းရပ်စ်သတင်း, အစိုးရတွေက ကန့်သတ်မှုတွေ တိုးလုပ်နေ

    ဆီးရီးယားအစိုးရကပိတ်ဆို့ကန့်သတ်မှုတွေ ပိုတိုးလုပ်လိုက် ပါတယ်။ ရုံးပိတ်ရက်တွေဖြစ်တဲ့ သောကြာနေ့နဲ့ စနေနေ့တွေမှာ နေ့လယ် ၁၂ နာရီက နောက်တစ်နေ့ မနက် ၆ နာရီအထိ ဘယ်သူမှအိမ်ထဲက မထွက်ရဘူးလို့ တားမြစ်ထားပါတယ်။

    ဒမတ်စကပ်က ရှီးယားဝတ်ကျောင်း ဆာယီဒါဇိန်နာ့ဘ်ကိုလည်း ပိတ်ထားလိုက်ပါတယ်။ ဒီဘုရားကျောင်းကို အီရန်က ဘုရားဖူးတွေ ထောင်သောင်းချီပြီး လာလေ့ရှိပါတယ်။ အီရန်ဟာ အရှေ့အလယ်ပိုင်းမှာ ဗိုင်းရပ်စ် ကူးစက်မှု အများဆုံးရှိတဲ့ နိုင်ငံပါ။ ဆီးရီးယားမှာ ပိုးကူးစက်ခံရသူ ၁၆ ယောက်ရှိခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ပါတယ်။

    တခြားနိုင်ငံတွေမှာတော့ ကူးစက်သူ ၂၉၉ ယောက်ရှိခဲ့ပြီး ငါးယောက်သေဆုံးခဲ့တဲ့ ဂျော်ဒန်မှာ ၂၄ နာရီ အပြင်မထွက်ရ အမိန့်ထုတ်ထားပါတယ်။ ပိုးကူးခံရသူတွေနဲ့ ထိတွေ့ခဲ့သူတွေကို ဆေးစစ်သွားမယ်လို့ ဝန်ကြီးတစ်ယောက်က ပြောပါတယ်။

    အီရတ်မှာ အစိုးရရဲ့ မီဒီယာကော်မရှင်က ရိုက်တာသတင်းဌာနကို သုံးလ အလုပ်လုပ်ခွင့် ပိတ်လိုက်ပါတယ်။ ရိုက်တာက ရေးတဲ့ သတင်းတစ်ပုဒ်မှာ ဆေးစစ်ရာမှာပါဝင်တယ်ဆိုတဲ့ ဆရာဝန်တွေကို ကိုးကားပြီး အီရတ်မှာ ကိုဗစ် ၁၉ ကူးစက်ခံရသူ ထောင်သောင်းချီပြီး ရှိတယ်လို့ ရေးခဲ့ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်ထုတ်ပြန်တဲ့ အရေအတွက်က ၇၇၂ ယောက်ပါ။ ရိုက်တာသတင်းဟာ မှားတယ်၊ လုပ်ကြံဖန်တီးထားပြီး အခြေအမြစ်မရှိဘူးလို့ မီဒီယာကော်မရှင်က ပြောပါတယ်။

    ဆီးရီးယားမှာ ဆေးဖြန်းနေ

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ဆီးရီးယားမှာ ကာဗျူးကို တိုးမြှင့်
  7. ဘောရစ်ဂျွန်ဆင် သီးသန့်ခွဲပြီး ဆက်နေဦးမယ်, အဖျားလေး နည်းနည်းရှိနေသေးတယ်လို့ဆို

    ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဝေဒနာလက္ခဏာတွေ ရှိနေသေးတာကြောင့် ဆက်ပြီး သီးသန့်ခွဲနေဦးမယ်လို့ ဆိုပါတယ်။

    ဆိုရှယ်မီဒီယာပေါ်တင်ခဲ့တဲ့ ဗီဒီယိုမှာ မစ္စတာဂျွန်ဆင်က သူ ၇ ရက်သီးခြားခွဲ နေခဲ့ပြီးပြီ။ နေလို့လည်း ပိုကောင်းလာပြီ။ ဒါပေမယ့် အဖျားလေး နည်းနည်းရှိနေသေးတယ်။ ဒါကြောင့် အစိုးရက ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေအတိုင်း အဲဒီ ရောဂါလက္ခဏာ ပျောက်သွားတဲ့အထိ သူဆက်ပြီး သီးသန့်ခွဲနေဦးမယ်လို့ ပြောပါတယ်။

    ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်
    ဓာတ်ပုံ ပုံစာ, ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်
  8. မလေးရှားက ဌာနေတိုင်းရင်းသားလူမျိုးစုတွေတောထဲ ပြေးရှောင်, တောထဲမှာပဲ သူတို့ဟာ သူတို့ သီးသန့်နေကြမယ်လို့ ဆို

    မလေးရှားမှာတော့ ဌာနေတိုင်းရင်းသားလူမျိုးစုတွေဟာ ဗိုင်းရပ်စ်ရောဂါကို စိုးရိမ်လို့ တောတွင်းကိုထွက်ပြေးနေကြတယ်လို့ ရိုက်တာ သတင်းက ဆိုပါတယ်။ အိုလန်အာစလီလူမျိုးစုဝင် တစ်ယောက် ပြီးခဲ့တဲ့ အပတ်က ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတယ်ဆိုတာ တွေ့ခဲ့ရပြီးတဲ့နောက်မှာ သူတို့ စိုးရိမ်ပြီး တောထဲဝင်ပြေးခဲ့ကြတာပါ။ လူမျိုးစုခေါင်းဆောင်တစ်ယောက်က သူတို့ တောထဲမှာ အစာဘယ်လိုရှာစားရမယ်ဆိုတာ သိတယ်၊ သူတို့ လူမျိုးစုတွေပဲ သီးသန့် အဲဒီမှာ သွားနေကြမယ်လို့ ပြောပါတယ်။ နိုင်ငံအလယ်ပိုင်းက ဂျာမရီဆိုတဲ့ ရွာလေးမှာတော့ ရွာအဝင်ကို သစ်တုံးတွေနဲ့ ပိတ်ထားတာကို တွေ့ရပါတယ်။ မလေးရှားမှာ ဒီကနေ့အထိ ကူးစက်ခံရသူပေါင်း ၃၃၀၀ ကျော်ရှိပြီး ၅၃ ယောက် အသက်ဆုံးခဲ့ပါတယ်။ ဒါဟာ အရှေ့တောင်အာရှ နိုင်ငံတွေအထဲမှာ အများဆုံးဖြစ်ပါတယ်။

    နိုင်ငံအလယ်ပိုင်းက ဂျာမရီရွာအဝင်

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ရွာအဝင်လမ်းကို ပိတ်ထား
  9. ကိုရိုနာလူနာတွေအတွက် အထူးဆေးရုံသစ်ကြီး လန်ဒန်မှာဖွင့်, ကိုယ်တိုင်ဗိုင်းရပ်စ်ကူးခံခဲ့ရတဲ့ ချားလ်စ်မင်းသားက ဆေးရုံဖွင့်ပေးခဲ့

    လန်ဒန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာတွေအတွက် အထူး ရည်ရွယ်တည်ဆောက်လိုက်တဲ့ နိုက်တင်ဂေးလ် ဆေးရုံအသစ်ကို ဒီကနေ့ ဖွင့်လိုက်ပါပြီ။ အဲဒီဆေးရုံကတော့ လန်ဒန်အရှေ့ပိုင်းက ExCeL ပြခန်းအဆောက်အဦကြီးကို ကုတင် ၄၀၀၀ ဆန့် ဆေးရုံအဖြစ် အသွင်ပြောင်းတည်ဆောက်လိုက်တာပါ။ တစ်ဆောင်မှာ ကုတင် ၄၂ လုံးထားမယ့် ဆေးရုံအဆောင်ပေါင်း ၈၀ ပါဝင်ပြီး ကိုးရက်အတွင်း အပြီးတည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆေးရုံကို မကြာခင်က ကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခဲခဲ့ရပြီး ပြန်ကျန်းမာလာခဲ့တဲ့ ချားလ်စ်မင်းသားက ဗီဒီယိုလင့်ကတဆင့် ဖွင့်လှစ်ပေးခဲ့ပါတယ်။

    နိုက်တင်ဂေးလ် ဆေးရုံကြီး

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အသစ်ဖွင့်လိုက်တဲ့ နိုက်တင်ဂေးလ် ဆေးရုံကြီး
  10. စင်္ကာပူ က ကျောင်းတွေနဲ့ တချို့ အလုပ်တွေ ပိတ်မယ်။

    စာသင်ကျောင်းတွေ အားလုံး နဲ့ အလုပ်အတော် များများ က နောက် တပတ် က စပြီး တစ်လကြာ ပိတ်ထားမယ်လို့ ဝန်ကြီးချုပ် လီရှန်လွန်း က ကြေညာပါတယ်။

    စူပါမားကတ် တွေ၊ ဆေးရုံ ဆေးခန်းတွေ နဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ဘဏ်လုပ်ငန်း စတဲ့ လုပ်ငန်းတွေသာ ဖွင့်ခွင့်ရှိပြီး တခြားလုပ်ငန်းတွေ အားလုံး ပိတ်ဖို့ ညွှန်ကြား ထားပါတယ်။

    တတ်နိုင်သမျှ မျက်နှာဖုံးတပ်ဆင် ကြဖို့ကိုလည်း စင်္ကာပူ အစိုးရ က ပြောင်းလဲ ညွှန်ကြား လိုက်ပြီး အိမ်တွေကို မျက်နှာဖုံးဝေငှ ပေးမှုတွေလည်း လုပ်သွား မယ်လို့ ဆိုပါတယ်။

    စင်္ကာပူမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရသူ ၁၀၄၉ ဦးရှိပြီး၊ သေဆုံးသူ ၅ ယောက်ရှိခဲ့တာပါ။ ဈေးတွေ၊ လူသုံးကုန် ပစ္စည်းရောင်းတဲ့ ဆိုင်တွေမှာလည်း အကွာအဝေး တခု ခွဲခြား နေကြဖို့ ဆိုတဲ့ ညွှန်ကြားချက်တွေလည်း ထုတ်ထားပါတယ်။

    ဗိုင်းရပ်စ် ကူးစက်မှု လျော့နည်း သွားပြီ ဆိုပေမယ့် နိုင်ငံရပ်ခြား က ပြန်လာတဲ့ လူတွေမှာ ဗိုင်းရပ်စ် ပိုး စစ်ဆေး တွေ့ရှိခဲ့ရပြီး ကူးစက်မှု တွေ ပြန်လည် ပျံ့နှံ့လာမှာ ကို စိုးရိမ်လို့ အခုလို ညွှန်ကြားချက်တွေ ထုတ်ပြန်တာလည်း ဖြစ်ပါတယ်

    singapore

    ဓာတ်ပုံ ရင်းမြစ်, AFP

  11. ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမျိုးသားတွေ ဈေးဝယ်ထွက်ရ

  12. ဧပြီ ၃ ရက် မနက်ခင်းသတင်းများ

  13. ဒီကနေ့ အတွက် တိုက်ရိုက် တင်ဆက်မှု တွေကို ရပ်နားခွင့်ပြုပါ။

    • ဒီကနေ့ အတွက် ဘီဘီစီ မြန်မာပိုင်း ရဲ့ ကိုရိုနာ ဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ သတင်းတွေ တိုက်ရိုက် တင်ဆက် နေမှုကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။
    • နောက်ရက်တွေမှာလည်း ဆက်တိုက် တင်ဆက် ပေးသွားဦးမှာမို့ နေ့စဉ် လာရောက် ဖတ်ရှု နိုင်ကြပါတယ်။
    • လာရောက် ဖတ်ရှုကြတဲ့ ဘီဘီစီ ပရိသတ်တွေ အားလုံးကိုလည်း ကျေးဇူး တင်ပါတယ်။
  14. ရုရှားမှာ နိုင်ငံတွင်း တားမြစ် ကန့်သတ်မှုတွေ ဆက်ထားမယ်။

    • လာမယ့် ဧပြီလ ၃၀ ရက်နေ့ အထိ နိုင်ငံကို အသွားအလာ ကန့်သတ် ပိတ်ပင်မှုတွေ ဆက်လုပ်သွားမယ်လို့ ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် က ဆုံးဖြတ် လိုက်ပါတယ်။
    • နိုင်ငံတွင်း က အရေးပါတဲ့ ဝန်ထမ်းတွေကတော့ အလုပ်ဆက်လုပ်ရမှာ ဖြစ်ပေမယ့် ကျန်တဲ့လူတွေကတော့ အိမ်မှာပဲ နေရမယ်လို့ သူက အမိန့် ထုတ်ခဲ့တာပါ။ အလုပ်သမား တွေ၊ ဝန်ထမ်းတွေ ကို လစာ ဆက်ပေးထားမယ်လို့လည်း သူက ဆိုပါတယ်။
    • ရုရှား ပြည်နယ် တခုနဲ့ တခု ဟာ အလှမ်းကွာပေမယ့် ဗိုင်းရပ်စ် ကူးစက်မှုက လျော့ကျ သွားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
    • မြို့တော် မော်စကို မှာတော့ ကူးစက်မှုတွေက မြင့်မားလာနေပါတယ်။ မော်စကိုမှာ ၂၄ နာရီ အတွင်း ကူးစက် ခံရသူ ၇၇၁ ယောက်ကို စစ်ဆေး တွေ့ ရှိခဲ့ပြီးနောက်မှာ နိုင်ငံတွင်းမှာ စုစုပေါင်း လူ ၃၅၄၈ ယောက် ကူးစက် ခံထား ရပါတယ်။
    • ရုရှား အစိုးရ က ကူးစက်ခံရမှု စာရင်းကို တမင်လျော့ပြထားတာ ဖြစ်နိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။
    ရုရှား သမ္မတ

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  15. ကိုရိုနာ ဗိုင်းရပ်စ် လူနာတွေအတွက် အသက်ရှုစက်

  16. နှာခေါင်းစည်းတပ်သင့်မတပ်သင့်ပညာရှင်တွေပြန်သုံးသပ်

  17. ရှန်ဇန်းမှာ ကြောင်သား၊ ခွေးသားမစားရ

  18. မြန်မာနိုင်ငံ မှာ ကိုရိုနာ ကပ်ရောဂါ ဖြစ်လာနိုင်သလား

  19. လူနာအမှတ် ၁၅ ကနေ ၄ ဦးကိုထပ်ကူး ၊ ကလေးနှစ်ဦးမှာ ပါ ပိုးတွေ့

  20. အမေရိကန်အလုပ်လက်မဲ့ဦးရေထပ်တိုး

    အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် စီးပွားရေးကို ရိုက်ခတ်ပြီး အလုပ်လက်မဲ့အဖြစ်အကျိုးခံစားခွင့်ပြုဖို့စာရင်းသွင်းသူ ၆ဒသမ၅သန်းထိ ရှိသွားပါပြီ။

    တကယ်တမ်းမှာ အဲဒီစာရင်းက ပိုများနိုင်ပြီးလူတော်တော်များများက ဖုန်းလိုင်းတွေကြပ်နေတာကြောင့် စာရင်းသွင်းဖို့ခက်နေကြပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်မှာတုန်းက ဒီစာရင်းမှာ လူ၃ဒသမ၃သန်း ရှိခဲ့ပါတယ်။

    ကားစက်ရုံတွေ နားထားတာ၊ လေကြောင်းခရီးသွားလုပ်ငန်းတွေ သိသိသာသာ ကျဆင်းသွားတာတွေ ဖြစ်နေပါတယ်။

    အမေရိကန်က အလုပ်သမား အင်အားရဲ့ ငါးပုံတစ်ပုံက အသွားအလာ ပိတ်ပင်တားဆီးမှုတွေလို အတားအဆီးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စီးပွားရေးပညာရှင်တွေရဲ့အဆိုအရ သိရပါတယ်။