ဉီးဇခုန်တိန့်ယိန်း ကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုတ်သိမ်း

ဓာတ်ပုံ ရင်းမြစ်, Getty
ကချင်ပြည်နယ် အမှတ် ၅ မဲဆန္ဒနယ်က အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း ကို ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး ကာလမှာ ကော်မရှင်ချမှတ်ထားတဲ့ စည်းကမ်းတွေ မလိုက်နာလို့ ဆိုပြီး တိုင်ကြားခံရလို့ ကော်မရှင်ဘက်က စစ်ဆေး မေးမြန်းပြီး ကိုယ်စားလှယ် အဖြစ်က ပျက်ပြယ်ကြောင်း ဇွန်လ ၂၄ ရက်နေ့က ဆုံးဖြတ်ခဲ့ပါတယ်။
ပန်ဝါအခြေစိုက် ကချင်ပြည်နယ် အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့ချုပ် NDA-K ခေါင်းဆောင်လည်း ဖြစ်တဲ့ ဦးဇခုန်တိန့်ယိန်း ခုလို ထုတ်ပယ်ခံရတာက NLD ပါတီက ဝင်ပြိုင်တဲ့ ကိုယ်စားလှယ် ကို ရွေးကောက်ပွဲ စည်းရုံးရေး ကာလမှ အနှောင့်အယှက် ပေးခဲ့လို့ ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးနောင်နဂျာတန်က ပြောပါတယ်။
တစ်သီး ပုဂ္ဂလ အနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး သူ့ရဲ့နယ်မြေမှာ မှာ ဝင်ရောက် မဲဆွယ် စည်းရုံးတဲ့ သူတွေ ကို ရိုက်နှက် ရုံမက ပစ္စည်းတွေပါ ဖျက်ဆီး ပြီး အနှောင့်အယှက် ပေးခဲ့တယ်လို့ဆိုပါတယ်။
ကချင်ပြည်နယ် က ဘိန်းခင်း တွေကို ဖျက်ဆီး တဲ့ အဖွဲ့တွေကို သူ့ရဲ့ နယ်မြေထဲကို ပေးမဝင်လို့ ပဋိပက္ခ တွေလည်း ဖြစ်ခဲ့ဘူးတယ်လို့ သိရပါတယ်။
ရွေးကောက်ပွဲ အချိန်တုန်း က သက်ဆိုင်ရာကို အကြောင်းကြား ခဲ့ပေမယ့် ဘာမှ အရေးယူမှု တစ်စုံတစ်ရာ မရှိခဲ့ပဲ အခုမှ တရားစွဲဆို အနိုင် ရရှိခဲ့တာ ဖြစ်ပါတယ်။
ဦးဇခုန်တိန့်ယိန်း ကို အခြား တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ် တစ်ဉီး ဖြစ်တဲ့ ဦးယောနာ နဲ့ NLD ကိုယ်စားလှယ် ဦးစံဝေခေါင်လွန်း တို့က တိုင်ကြားတာ ဖြစ်ပါတယ်။




